35 C
Yangon

၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သား ၃၉ သိန်းနီးပါးရောက်ရှိလာပြီး အမေရိ ကန် တစ်ဒေါ်လာ ၃၈၀၀ ကျပ်ကျော် စျေးများ စံချိန်တင် ထိုးတက်

Must read

၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သား ၃၉ သိန်းနီးပါးရောက်ရှိလာပြီး အမေရိ ကန် တစ်ဒေါ်လာ ၃၈၀၀ ကျပ်ကျော် စျေးများ စံချိန်တင် ထိုးတက်

■ ထိုင်းတစ်ဘတ်လျှင်လည်း ငွေကျပ် ၁၀၆ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့

ရန်ကုန်၊ ဩဂုတ် ၁၇

ပြည်တွင်း စီးပွားရေးစျေးကွက်တွင် ယနေ့ ၁၆ ပဲရည် အခေါက်ရွှေတစ် ကျပ်သားလျှင် ငွေကျပ် ၃၉ သိန်းနီးပါးရောက်ရှိလာပြီး အမေရိကန် တစ်ဒေါ်လာ လျှင် ငွေကျပ် ၃၈၀၀ ကျော်စျေးများ စံချိန်တင် ထိုးတက်လာ ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သား လျှင် ငွေကျပ် ၃၈ သိန်း ၇ သောင်းကျပ်အထိ အမြင့်ဆုံး စျေးထိုးတက်လာ ကြောင်း ၊ အမေရိကန်ဒေါ်လာစျေးနှုန်းမှာ တစ်ဒေါ်လာလျှင် ငွေကျပ် ၃၈၂၀ ကျပ်ဝန်းကျင်အထိ အမြင့်ဆုံး စျေးထိုးတက်ခဲ့ကြောင်း သိရှိရသည်။

“ကမ္ဘာ့ရွှေစျေးကတော့ ရွှေတစ်အောင်စကို ဒေါ်လာ ၁၈၉၃ လောက်ရှိတယ်။ ရွှေတစ်အောင်စကို ဒေါ်လာ ၁၉၀၀ အောက်ကို ဆင်းသွားတာ။ မြန်မာ့ရွှေ ကတော့ ပြန်မကျဘူး။ အဓိက ဒေါ်လာစျေးတက်နေလို့ ။ ရွှေစျေးနှုန်းအတွက် ဒေါ်လာကို တစ်ဒေါ်လာ ၃၇၅၀ လောက်မှာ ဖြတ်တယ်။ အပြင် အရွက်စျေး ကတော့ ၃၈၂၀ အထက်မှာ ရှိတယ်။ အလုပ်ကတော့ဖြစ်တယ်။ သူ့ဟာနဲ့သူ ရောင်းသူလည်းရှိတယ်။ ဝယ်သူလည်းများတယ်။ ရွှေစျေးက အခု ၃၈နဲ့ ၇ ( ၃၈ သိန်း ၇ သောင်း)။ အခုစျေးထပ်ပြောင်းတယ်။ ပိုတက်တာ ” ဟု ရန်ကုန်ရွှေကုန် သည် တစ်ဦးက ရှင်းပြသည်။

နိုင်ငံခြားငွေလဲလှယ်စျေးကွက်တွင် ထိုင်းဘတ်တန်ဖိုးများမှာလည်း ဆက်လက် မြင့်တက်နေခဲ့ပြီး ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၀၆ ကျပ်အထိ စံချိန် တင် မြင့်တက်လာကြောင်း သိရှိရသည်။

“ထိုင်းဘတ်က ရောင်းစျေး ၊ ဝယ်စျေး ဟတယ်။ ထိုင်းတစ်ဘတ်ကို ၁၀၂ နဲ့ ၁၀၆ ကြားထဲမှာ ရောင်းစျေး ဝယ်စျေးထားတယ်။ ထိုင်းတစ်ဘတ် ၁၀၆ ကျပ်လောက် အထိ စံချိန်တင်သွားတယ်ပြောလို့ရပါတယ်။ မနက်ပိုင်းမှာ ဒီထက်ပိုတက် သွား သေးတယ်။ ကျနော်တို့တော့ စျေးအပြောင်းအလဲ အရမ်းမြန်နေလို့ အရောင်း အဝယ် ခဏပိတ်ထားတယ်” ဟု ရန်ကုန်ငွေလဲဒိုင်တစ်ဦး က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article