34 C
Yangon

မန္တလေးမှ ရန်ကုန် အစုန် ၉၂၄ ကုန်ရထားတွဲ မိုင်းမိ၍ တိမ်းမှောက်မှု ရထားလမ်း ၂ ရက်ခန့် ပိတ်မည်

Must read

မန္တလေးမှ ရန်ကုန် အစုန် ၉၂၄ ကုန်ရထားတွဲ မိုင်းမိ၍ တိမ်းမှောက်မှု ရထားလမ်း ၂ ရက်ခန့် ပိတ်မည်

ရန်ကုန်၊ ဩဂုတ် ၁၈

မန္တလေးမှရန်ကုန်သို့ ပြေးဆွဲလာ‌သော အစုန် ၉၂၄ ကုန်ရထားတွဲသည် ပဲခူးတိုင်း၊ တောကျွဲအင်းနှင့် ကညွတ်ကွင်းအကြား မိုင်းမိ၍ တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် ရထားလမ်းကို ၂ ရက်ခန့် ပိတ်ထားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားလုပ်ငန်းထံမှ သိရှိရသည်။

ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန် ရန်ကုန် မန္တလေး မီးရထား လမ်း တောကျွဲအင်းနှင့် ကညွတ်ကွင်းအကြားတွင် အမှတ် ၉၂၄ အစုန် ကုန်ရထားသည် မိုင်းထိမှန်ကြောင်း၊ မိုင်းထိမှန်မှုကြောင့် ရထားလမ်း ပျက် စီးပြီး ကုန်တွဲများ၊ စက်ခေါင်းများ တိမ်းမှောက်ကာ ပျက်စီးမှုများ ရှိ ကြောင်း၊ လူထိခိုက်မှုမရှိဘဲ ရထားလမ်းကို အားချင်းပြုပြင်ရန် စစ်ကောင်စီက ညွှန်ကြားလာ ကြောင်း သိရှိရသည်။

“ရထားလမ်းကို ချက်ချင်း ပြင်ဖို့ ညွှန်ကြားချက်ကျပါတယ်။ အဲဒီနားမှာလည်း လုံခြုံရေးနဲ့ ကင်းပုန်းတွေ အပြည့်ချပြီး ပြင်မယ်။ ၂ ရက်လောက်တော့ ရထား လမ်းပိတ်ထားမယ်” မြန်မာ့မီးရထား သတင်းရင်းမြစ်က ပြောဆိုသည်။

ရထားလမ်းမိုင်းခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိရသေးဘဲ အကြမ်းဖက်စစ်ကောင်စီဘက်ကမူ KNU နှင့် PDF လက်ချက်ဟု စွပ်စွဲဖော် ပြမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article