33 C
Yangon

အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၄၀ နီးပါးရောက်ရှိပြီး အမေရိ ကန် တစ်ဒေါ်လာလျှင် ၃၉၀၀ ကျော်အထိ စံချိန်တင် ထပ်မံ စျေးမြင့် တက်

Must read

အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၄၀ နီးပါးရောက်ရှိပြီး အမေရိ ကန် တစ်ဒေါ်လာလျှင် ၃၉၀၀ ကျော်အထိ စံချိန်တင် ထပ်မံ စျေးမြင့် တက်

■ ထိုင်းတစ်ဘတ်လျှင် ငွေကျပ် ၁၀၉ ကျပ်ဝန်းကျင်စျေးပေါက်

ရန်ကုန်၊ ဩဂုတ် ၁၈

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၄၀ နီးပါးရောက်ရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၃၉၀၀ ကျော်အထိ စံချိန်တင် ထပ်မံ စျေးမြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။

ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၉ သိန်းခွဲ ပေါက်စျေးနှုန်းရှိပြီး လက်တွေ့ ဝယ်ယူမည်ဆိုပါက သိန်း ၄၀ အထိ စျေးပေး၍ ဝယ်ယူရကြောင်း၊ ရွှေဝယ်လိုအား ဆက်လက် မြင့်တက်နေဆဲဖြစ် ပြီး ရောင်းလိုအား အလွန်နည်းပါး ကြောင်း၊ မြန်မာ့ရွှေစျေးကွက်ရှိ ပေါက် စျေးနှုန်း များသည် ကမ္ဘာ့ရွှေစျေးကွက်၏ စျေးနှုန်းများနှင့် ဆန့်ကျင် ဘက်ဖြစ် နေကြောင်း သိရှိရသည်။

“ပုံမှန် ဒေါ်လာစျေးငြိမ်ရင်တော့ ကမ္ဘာရွှေတက်ရင် မြန်မာရွှေလိုက်တက်၊ ကမ္ဘာ့ရွှေကျရင် မြန်မာ့ရွှေစျေးက လိုက်ကျတယ်။ အခုက ကမ္ဘာ့စျေးက အကျချည်းပဲ မြန်မာ့ရွှေစျေးက မကျဘူး။ မကျတာက အဓိက ဒေါ်လာစျေးက မငြိမ်ဘဲ ဆက်တိုက် နေ့တိုင်း စံချိန်တင်တက်နေလို့။ အခု ဒေါ်လာ ၃၉၁၀ လောက် ပေါက်လာတယ်။ ပြည်တွင်းမီးလင်းရွှေက ၃၉ သိန်းခွဲ၊ ကိုယ်ဝယ်မယ် ဆိုရင် စျေးပိုပေးဝယ်မှရမယ်။ တကယ်ဝယ်ရင်တော့ မီးလင်းရွှေက သိန်း ၄၀ လောက်ပေးဝယ်ရမယ်။ ရွှေဆိုင်တွေက ဝယ်စျေး၊ ရောင်းစျေး ဟထားလို့ပါ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

နိုင်ငံခြားငွေလဲလှယ်သည့်စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၉၀၀ ကျော်ဝန်းကျင်တွင် စျေးရှိနေပြီး ထိုင်းဘတ်ငွေမှာလည်း ဆက်လက် စံချိန်တင်မြင့်တက်နေကြောင်း၊ အဓိကအားဖြင့် ပြည်တွင်း ဝယ်လိုအား မြင့် တက်နေခြင်းကြောင့် ပစ္စည်းပြတ်လပ်နေသဖြင့် စျေးနှုန်းများ ဆက်တိုက် အတက် ပိုင်းတွင် ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဘာလို့ စျေးတွေ တက်နေတာလဲ ပြောရရင် ဝယ်လိုအားများနေတာပဲ။ အဝယ် ချည်းပဲ။ ဝယ်မယ့်သူရှိသလောက် ပစ္စည်းမရှိဘူး” ဟု ရန်ကုန်၊ ဗိုလ်တ ထောင်မြို့ နယ်မှ ဒေါ်လာဝယ်ရောင်း စီးပွားရေးသမားတစ်ဦးကဆိုသည်။

လက်ရှိစျေးကွက်တွင် ထိုင်းငွေ တစ်ဘတ်လျှင် ငွေကျပ် ၁၀၉ ကျပ်ဝန်းကျင် စျေးရှိနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ရွှေနှင့်ဒေါ်လာ စျေးကစားသည်ဟုဆိုကာ အဖမ်း အဆီးများ လုပ်ဆောင်၍ ဥပဒေအရ အရေးယူမည်ဟု ကြေညာထား သည့် အတွက် ပြည်တွင်းတွင် ပုံမှန်စျေးကွက်များတွင် အရောင်းအဝယ် မရှိကြ ဘဲ ဖုန်းဖြင့် ချိတ်ဆက်၍ စျေးကွက် ပြင်ပသာ အရောင်းအဝယ် လုပ်နေ ကြ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တန်ဖိုး တရှိန်ထိုးကျနေသော မြန်မာကျပ်ငွေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article