31 C
Yangon

စစ်ကောင်စီ၏ မိတ်ဖက် MAI လေကြောင်းလိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် ၃၇၂၀ ကျပ်ဖြင့် ဒုတိယအကြိမ် ထပ်မံ၍ စျေးနှုန်းတိုးမြှင့် ကောက်ခံလာ

Must read

စစ်ကောင်စီ၏ မိတ်ဖက် MAI လေကြောင်းလိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် ၃၇၂၀ ကျပ်ဖြင့် ဒုတိယအကြိမ် ထပ်မံ၍ စျေးနှုန်းတိုးမြှင့် ကောက်ခံလာ

■ ဗဟိုဘဏ်သတ်မှတ်နှုန်း တစ်ဒေါ်လာ ၂၉၂၀ ကျပ်တွင် တစ်ဒေါ်လာ ဝန်ဆောင်ခ ၈၀၀ ကျပ် ထပ်ပေါင်း၍ အမေရိကန်တစ်ဒေါ်လာ ၃၇၂၀ ကျပ် တိုးမြှင့် ကောက်ခံခြင်းဖြစ်

ရန်ကုန်၊ ဩဂုတ် ၁

အကြမ်းဖက်စစ်ကောင်စီ၏ မိတ်ဖက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း လိုင်း- MAIက အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၇၂၀ ကျပ် ဒုတိယအကြိမ် ထပ်မံ တိုးမြှင့် ၍ ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေကြောင်း လေယာဉ်လက်မှတ်အရောင်းအေးဂျင့်များထံမှ သိရှိရသည်။

ပထအကြိမ်အဖြစ် ဩဂုတ် ၁၂ ရက်နေ့မှစတင်၍ MAI က အမေရိကန်တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ် ဖြင့် ကောက်ခံနေမှုကို မပြောင်းလဲသော်လည်း ဝန်ဆောင်ခအဖြစ် အမေရိကန် တစ်ဒေါ်လာ လျှင် ငွေကျပ် ၄၀၀ ထပ်ပေါင်း တိုးမြှင့် ကောက်ခံ ခဲ့ကြောင်း၊ ထို့ကြောင့် ငွေလဲနှုန်းအနေဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၉၂၀ နှင့် ဝန်ဆောင်ခ ငွေကျပ် ၄၀၀ စုစုပေါင်း အမေရိကန် တစ် ဒေါ်လာလျှင် ငွေကျပ် ၃၃၂၀ ကျပ် ဖြင့် ငွေကြေးကောက်ခံခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဩဂုတ် ၁၉ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် MAI က အမေရိကန်တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ် ဖြင့် ကောက်ခံနေမှုကို မပြောင်းလဲသော်လည်း ဝန်ဆောင်ခအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၈၀၀ ထပ်ပေါင်း တိုးမြှင့် ကောက်ခံခဲ့ကြောင်း၊ ထို့ကြောင့် ငွေလဲနှုန်းအနေဖြင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၉၂၀ နှင့် ဝန်ဆောင်ခ ငွေကျပ် ၈၀၀ စုစုပေါင်း အမေရိကန်တစ် ဒေါ်လာလျှင် ငွေကျပ် ၃၇၂၀ ကျပ်တိုးမြှင့် ကောက်ခံနေကြောင်း သိရှိရသည်။

“MAI က ဩဂုတ်လ ၁၈ ရက်နေ့ မှာ ဒုတိယအကြိမ် ဒေါ်လာစျေးကို ထပ်တိုးတယ်။ တစ်ဒေါ်လာ ကို ငွေကျပ် ၈၀၀ ဝန်ဆောင်ခ ထပ်ပေါင်းတာ။ အဲဒီတော့ အမေရိကန်တစ်ဒေါ်လာကို ဝန်ဆောင်ခ အပါ ငွေကျပ် ၃၇၂၀ ကျပ် တိုးကောက်တာပေါ့” ဟု လက်မှတ်အေးဂျင့်ကိုယ်စား လှယ်တစ် ဦးက ပြောသည်။

လက်ရှိ ပြင်ပငွေကြေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၃၉၅၀ ကျပ် စျေး ပေါက် လျက်ရှိနေပြီး ဗဟိုဘဏ်က ရည်ညွန်းစျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ် ထားကြောင်း ၊ အရောင်းအဝယ်တွင်မူ စစ်ကောင်စီဗဟိုဘဏ်က တစ်ဒေါ်လာ ၂၉၂၀ ကျပ်ဖြင့် ခွင့်ပြုလျက်ရှိကြောင်း သိရှိရသည်။

MAI လေကြောင်းလိုင်းကို ယခင်က ကမ္ဘောဇဘဏ်ပိုင်ရှင် အောင်ကိုဝင်းက ပိုင် ဆိုင် ခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှစတင်၍ 24 Hours ကုမ္ပဏီပိုင်ရှင် အောင်အောင်ဇော်က ရှယ်ယာအများစု ဝယ်ယူပြီး ပိုင်ရှင်အသစ်အဖြစ် ခံယူထားခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article