29 C
Yangon

ရေဖြူမြို့နယ်ရှိ ကျေးရွာ ၂ ရွာမှ နေအိမ် ၁၇ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူ ဖျက်ဆီးသွား

Must read

ရေဖြူမြို့နယ်ရှိ ကျေးရွာ ၂ ရွာမှ နေအိမ် ၁၇ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူ ဖျက်ဆီးသွား

ရန်ကုန်၊ သြဂုတ် ၂၀

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ ကျေးရွာ ၂ ရွာမှ နေအိမ် ၁၇ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူ ဖျက်ဆီးသွားကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၈ ရက်နေ့က စတင်ကာ နဘုလယ် ရေနက်ဆိပ်ကမ်းမှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဧကနိရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၄ လုံးနှင့် ကား ၁ စီး ၊ ဆိုင်ကယ် ၁ စီး ၊စက်ဘီး ၃ စီး တို့ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝဇွမ်းတောရွာကို ထပ်မံ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ် ၃ လုံးကို ထပ်မံ မီးရှို့ ဖျက်ဆီးပြီး နေအိမ် ၂၀ ကျော်ကိုလည်း ဖောက်ထွင်းကာ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူသွားကြောင်း သိရှိရသည်။

အဆိုပါ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၁၀ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး ပြည်သူ အများအပြားကို ဖမ်းဆီးခဲ့ပြီး ဘုန်းကြီး ၁ ပါးနှင့် ပြည်သူ ၃ ဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးသွားသော ဧနိရွာနှင့်ဝဇွမ်းတောရွာမှ ပြည်သူပိုင် နေအိမ်များအား တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article