31 C
Yangon

ပုလောမြို့နယ်ရှိ လက္ကူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇၂ နှစ်အရွယ် အဘွားအို ၁ ဦးသေဆုံး

Must read

ပုလောမြို့နယ်ရှိ လက္ကူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇၂ နှစ်အရွယ် အဘွားအို ၁ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၀

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ လက္ကူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇၂ နှစ်အရွယ် အဘွားအို ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင် သတင်းရင်းမြစ်များထံမှ သိရသည်။

သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုလောမြို့နယ်ရှိ လက္ကူးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးကျည် ၂ လုံးပစ်ထည့်ခဲ့ပြီး အသက် ၇၂ နှစ်အရွယ် အဘွားအို၏ နေအိမ်ဘေးကို လက်နက်ကြီးကျည် ကျရောက်ကာ အဖွားအိုကို ကျည်စထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပုလောမြို့နယ်အတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုတွေကြောင့် ၃ ရက်အတွင်း ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦးဆေးရုံ တင်ထားရကြောင်း၊ ထို့ပြင် ပုလောမြို့နယ်အတွင်းရှိ ကျောင်းနိမ့်ရွာ၊ ပဝတ်ဖျားရွာ၊ ဂျင့်ဂါရွာ၊ ပိတပ်ရွာ၊ နန်းတောင်ရွာ၊ မြဒေါင်ရွာ၊ တန်းရှင်းရွာ စသည့် ကျေးရွာများမှ ပြည်သူများလည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်စ ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရှိရသည်။

သြဂုတ်လ ၉ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ဇရပ်ဆိပ်ရွာမှ အသက် ၁၅ နှစ်အရွယ် အမျိုးသား ၂ ဦး ဦးခေါင်းနှင့် တင်ပါးကို ကျည်စထိမှန် ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

( The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article