37 C
Yangon

နေပြည်တော်နှင့် မကွေး နယ်စပ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ထံမှ ဆိုင်ကယ် ၃ စီးနှင့် ကျည်တချို့ သိမ်းဆည်းရရှိ

Must read

နေပြည်တော်နှင့် မကွေး နယ်စပ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ထံမှ ဆိုင်ကယ် ၃ စီးနှင့် ကျည်တချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ သြဂုတ် ၂၀

နေပြည်တော် တပ်ကုန်းမြို့နယ်နှင့် မကွေးတိုင်း မြို့သစ်မြို့ နယ်စပ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ထံမှ ဆိုင်ကယ် ၃ စီးနှင့် ကျည်တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရွှေမကျီးကျေးရွာ နှင့် မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရိုးကူးကျေးရွာ အကြား၌ ဒေသ ပြည်သူများထံမှ ဆက်ကြေး ကောက်ရန် လာသည့် အကြမ်းဖက် စစ်သားများကို OPRF – PLA အဖိနှိပ်ခံ ပြည်သူ့ တော်လှန်ရေး အင်အားစုက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရှိပြီး သေဆုံးနိုင်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်သားများထံမှ ဆိုင်ကယ် ၃ စီး ၊ ၅.၅၆ ကျည်ဆံ ၂၅ တောင့်၊ ၅.၅၆ ကျည်ဆံသုံး ကျည်ဘောက် ၁ ခု တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု မှ တိုက်ပွဲဖြစ်ပွားရာ နေရာကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး ရဲဘော်များ အားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article