30 C
Yangon

သာစည်ရွာကို စစ်တပ်က ၆ ရက်မြောက်နေ့အဖြစ် မီးတင်ရှို့နေပြီး ပြာမှုန်များ ကလေးမြို့ပေါ် ရပ်ကွက်အထိ လွင့်စဥ်

Must read

သာစည်ရွာကို စစ်တပ်က ၆ ရက်မြောက်နေ့အဖြစ် မီးတင်ရှို့နေပြီး ပြာမှုန်များ ကလေးမြို့ပေါ် ရပ်ကွက်အထိ လွင့်စဥ်

ရန်ကုန်၊ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က ၆ ရက်မြောက်နေ့အဖြစ် မီးရှို့နေပြီး ပြာမှုန်များ ကလေးမြို့ပေါ် ရပ်ကွက်အထိ လွင့်စဥ် နေ​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သာစည်ရွာကို ၆ ရက်နေ့အဖြစ် မီးတင်ရှို့နေပြီး ပြာမှုန်များသည် ကလေးမြို့ပေါ်ရှိ တောင်ဖီလာ ရပ်ကွက်အထိ လွင့်စဥ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“တောင်ဖီလာ အထိကျတယ်။ တောင်ဖီလာနဲ့ သာစည်က ဝေးတယ်။ ပြည်သူတွေက မြို့ထဲနေနေကြတယ်။ တောင်ဖီလာဘုန်းကြီးကျောင်းမှာတွေရော အဆင်ပြေရာနေကြရတယ်”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် သာစည်ကျေးရွာကို ဝင်စီးထားပြီး တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ရန် ကြိုးပမ်းသော်လည်း အင်အားအများအပြားနှင့် တရစပ်ပစ်ခတ်နေကြောင်း တော်လှန်ရေး ရဲဘော်များထံမှ သိရှိရသည်။

“မနေ့က ၃ နာရီကစ သာစည်ကို ပေးလိုက်ရတာ။ ညကကပ်တာမရဘူး အင်အားအရမ်းများတယ် ကျည်ကို တရစပ်ပစ်ပြီး သုံးတာအခု ခွေးနဲ့ပျူတွေက”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article