မန္တလေးမြို့ရှိ ရသုံးမှန်းခြေ ငွေစာရင်းရုံးကို ဗုံးခွဲတိုက်ခိုက်၊ တောင်ဥက္ကလာရှိ ဇီဇဝါ ဥယျာဉ်အိမ်ရာရှေ့တွင် ဗုံးတွေ့
ရန်ကုန်၊ ဩဂုတ် ၂၂
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၈ လမ်း၊ ၁၀၁ လမ်း(သိပ္ပံလမ်း)နှင့် ၁၀၂ လမ်းကြားရှိ ရသုံးမှန်း ခြေ ငွေစာရင်းရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMD တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်က အကြမ်းဖက်စစ်ကောင်စီ၏ ဘဏ္ဍာရေး ယန္တရားလည်ပတ်စေရန် အဓိက အလုပ်လုပ်ပေးနေသော ရုံးတစ်ခုဖြစ်သဖြင့် ပစ်မှတ်ထားပြီး လက်ပစ် ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရုံးအဆောက်အဦး မှန်ပြတင်းပေါက်အားထိမှန်ခဲ့ပြီး မှန်ပြတင်းနှင့် ရုံး အရာရှိကား(Kluger ကားအနက်ရောင်) ကြားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ကားပျက်စီးမှုရှိနိုင်ပြီး တိုက်ခိုက်မှုပြုလုပ်ချိန်တွင် ရုံးအတွင်း၌ အကြမ်းဖက် စစ်ကောင်စီ အလိုကျ သစ္စာခံဝန်ထမ်းအများအပြား ရှိနေသဖြင့် လူထိခိုက်မှုလည်းရှိနိုင်ကြောင်း အသေး စိတ် အထိအခိုက်စာရင်းကို အတည်ပြုဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက်၊ သံသုမာလမ်း၊ ဇီဇဝါဥယျာဉ်အိမ်ရာရှေ့၌ ဗုံး တစ်လုံးတွေ့ရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ဩဂုတ်လ ၂၁ ရက် ည ၈ နာရီ ၅၅ မိနစ်က ဇီဇဝါဥယျာဉ်အိမ်ရာ၏ ဝင်ပေါက်၊ ထွက်ပေါက် ရှေ့လမ်းပေါ်တွင် မီးရှို့စနစ်တံပါ လက် လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
