36 C
Yangon

ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး

Must read

ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ သြဂုတ် ၂၂

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်း စာသင်ကျောင်းတွင်တပ်စွဲထားသော စကခ-၁၂ လက်အောက်ခံ ခမရ-၅၄၆ အား KNDO – ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ဗိုလ်ကြီး အောင်ကောင်းမာန်ထိမှန် သေဆုံးခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ကျုံဒိုးမြို့နယ်၊ တောင်တလာကျေးရွာကို ပစ်ခတ်ခဲ့ပြီး နောင်တလာကျေးရွာနေ ဒေါ်မူးထွန့်လှိုင်၏ နေအိမ်၌ မွေးမြူထားသည့် နွား ၄ ကောင် ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၉ ရက်နေ့တွင်လည်း တောင်ကြာအင်းတံတားထိပ်၌ လမ်းပိတ်ပြီး အင်အား ဖြည့်တင်းနေသော အကြမ်းဖက် စစ်သားများကို KNDO – ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ခလရ-၂၀၈ မှ အရာရှိ ၁ ဦး နှင့် တပ်ကြပ် ၁ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ၊ ၈၀ မမ၊ ၆၀ မမ နှင့် လက်နက်ငယ်များဖြင့် ကျေးရွာများအတွင်း ပစ်ခတ်ထည့်ခဲ့သောကြောင့် အသက် ၅၀ နှစ်အရွယ် မန်းမြင့်ကျော် လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ကြောင်း၊ မန်းအေးငြိမ်း၏ နေအိမ်နောက်ခြမ်း ၁၂၀ မမ လက်နက်ကြီးထိမှန်၊ ဒေါ်အေးမြင့်ဌေး၏ နေအိမ်အပေါ်ထပ် ၁၂၀ မမလက်နက်ကြီးထိမှန်၊ ဦးစိန်သောင်း၏ ဆိုင်ခန်း အတွင်း ၆၀ မမလက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article