36 C
Yangon

ပေါက်မြို့နယ်၊ ရေပြာကျေးရွာရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ

Must read

ပေါက်မြို့နယ်၊ ရေပြာကျေးရွာရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ သြဂုတ် ၂၂

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံးခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း Anonymous Special Task Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရေပြာကျေးရွာရှိ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက နောင်ရိုး စစ်ဆင်ရေးအဖြစ် အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးပြီး G3 သေနတ် ၁ လက်၊ ကျည် ၁၇၁ တောင့် နှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ဆေးရေးဂိတ်၌ ကျန်ရှိနေသော ရဲများသည် ထွက်ပြေးသွားပြီး တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ ရှာဖွေခဲ့သော်လည်း တိုက်ပွဲအချိန်ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရပြီး ထွက်ပြေးသွားသည့် ရဲများတွင်လည်း ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ASTF (Pauk)တပ်ဖွဲ့၊ မြိုင် ပကဖ ရင်း၁ – စိတ် ၁၈၊ NPRF တပ်ဖွဲ့ ၊ Fire Revolution Group (ခရိုင်ရင်း ၁၆) ၊ ပခုက္ကူမြို့ပြပျောက်ကြားတပ်ဖွဲ့ ၊ ဗိုလ်ဗျတ္တနှင့်နွေဦးလေပွေတပ်ဖွဲ့၊ Justic Fighter တပ်ဖွဲ့၊ကင်ဒိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အဆိုတော်တပ်ဖွဲ့ ၊ ဆိုင်ကလုန်းပျောက်ကြားတပ်ဖွဲ့၊ ဗိုလ်လရောင်တပ်ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article