36 C
Yangon

မြိုင်မြို့နယ်ရှိ ထန်းဘုန်းတောရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံး၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဖောကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

မြိုင်မြို့နယ်ရှိ ထန်းဘုန်းတောရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံး၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဖောကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ထန်းဘုန်းတောရွာအနီး တိုက်ပွဲဖြစ်ပွားရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Myaing Villages Revolution Front အဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၂၁ ရက်နေ့ နံက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် ကန်နီရွာမှ အင်အား ၈၀ နှင့် စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ထန်းဘုန်းတောကျေးရွာအနီး MVRF တပ်ဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းစုမှ ကင်းတပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

နံနက် ၉ နာရီခန့်တွင် ထန်းဘုန်းတောကျေးရွာကို ဝင်​ရောက် မွှေနှောက်ပြီး နေအိမ်များကို မီရှို့ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ်ကို MVRF တပ်ဖွဲ့ နှင့် ​​မဟာမိတ် တပ်ပေါင်းစုများက ဒရုန်းဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကန်နီကျေးရွာဘက်ကို ပြန်ဆုတ်သွားကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသည့် ဖောကားကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံးခဲ့ကြောင်း လျှပ်တပြတ်စွန်ညိုအဖွဲ့မှ ဒုတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၄၇ မိနစ်တွင် မုံရွာ-မန္တလေး လမ်းပိုင်း တစ်နေရာ၌ ကြေနီးတင်လာသော ကား ၁ စီးနှင့် ကပ်ပါလာသည့် စစ်သားများ လိုက်ပါလာသော ဖောကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေနတ်ကျည် ထိမှန်ပြီး ကားပေါ်က ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article