30 C
Yangon

ရေဖြူမြို့နယ်တွင် လက်လုပ်သေနတ် ကိုင်ဆောင်ထားသည့် စစ်တပ် သတင်းပေး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရေဖြူမြို့နယ်တွင် လက်လုပ်သေနတ် ကိုင်ဆောင်ထားသည့် စစ်တပ် သတင်းပေး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၂

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ်ကျေးရွာတွင် နေထိုင်သော လက်လုပ်သေနတ် ကိုင်ဆောင်ထားသည့် စစ်တပ် သတင်းပေး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Spring Dhamma PDF အဖွဲ့ထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့တွင် ကလိန်အောင်မြို့၊ ကျောက်ရှပ်ကျေးရွာနေ အသက် ၅၇ နှစ်အရွယ် ဦး သိန်းစိုးသည် အကြမ်းဖက်စစ်ကောင်စီထံ သတင်းပေးမလုပ်ရန် လွန်ခဲ့သော လအနည်းငယ်က ခေါ်ယူ သတိပေးထားသည်ကို လိုက်နာ ခြင်းမရှိပဲ ခမရ ၄၀၈ တပ်အတွင်းဝင်ရောက် ခိုလှုံကာအကြမ်းဖက်စစ် ကောင်စီ ပူးပေါင်း၍အနီးရှိ ကျေး ရွာများမှ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ လူနေအိမ်များအား ဖျက် ဆီးခြင်း စသည်တို့ လုပ်ဆောင်ခဲ့သဖြင့် ဥယျာဉ်ခြံမျ အိမ်အပြန်လမ်းတနေရာက စောင့် ဆိုင်းပြီး ပစ်ခတ် ရှင်း လင်းခဲ့ရာ သေဆုံးသွားကြောင်း၊ ၎င်းထံမှ M4 16 ကျည်ဖြင့်ပစ်ခတ်ရသည့် လက်လုပ် သေနတ်တစ် လက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ ပါလာသော သမက်ဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပြီး ၎င်းတစ်ဦးတည်းကိုသာရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူ စိုးသိန်းထံမှ ခမရ ၄၀၈ တပ်ရင်းမှ ကျော်ကြီး၊ အောင်မျိုးထွန်း၊ ဗိုလ်လေး အောင် ကျော် ထွန်း၊ ခလမရ ၄၀၉ မောရဝတီရေတပ်၊ ကလိန်အောင် နယ်မြေရဲစခန်းမှ နယ်ထိန်း ဝင်း ထွန်းနှင့် ဒုတပ်ကြပ် မင်းသိန်းစသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သား များနှင့် ဆက် သွယ် ထားသည့်မှတ်တမ်းများကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါပစ်ခတ်ရှင်းလင်းမှုကို ကလိန်အောင်မြို့အခြေစိုက်(Spring Dhamma PDF K..L.A) ပြည့်သူ့ ကာ ကွယ်ရေး တပ်ဖွဲ့မှ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article