36 C
Yangon

နတ်မောက်မြို့အဝင်ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်၊ မြင်းခြံတွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်

Must read

နတ်မောက်မြို့အဝင်ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်၊ မြင်းခြံတွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ သြဂုတ် ၂၂

မကွေးတိုင်း၊ နတ်မောက်မြို့အဝင်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု OPRF – PLA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် နတ်မောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကို OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။

လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ OPRF – PLA တပ်ဖွဲ့ မှ ရဲဘော် AZY နှင့် ရဲဘော်ကျော်ကြီးတို့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၇ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာမှ မြင်းခြံမြို့ဘက်ကို ထွက်ခွာလာသည့် စစ်သားများ လိုက်ပါလာသော Light Truckကား ၁ စီးကို လမ်း ၁ နေရာ၌ ပြည်သူကာကွယ်ရေးတပ်မတော် MGN 35 ပြောက်ကျားတပ်ဖွဲ့(မြင်းခြံခရိုင်တပ်ရင်း-၅)၊ ဒေါင်းမင်းတမာန် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article