24 C
Yangon

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးရာတွင် စစ်တပ်နှင့်သာ ဆက်ဆံမှုမပြုဘဲ NUG အပါအဝင် အဖွဲ့အစည်း အသီးသီးနှင့် တန်းတူဆက်ဆံရန် UNOCHA မှ Mr Martin Griffiths ကို NUG တိုက်တွန်းပြောဆို

Must read

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးရာတွင် စစ်တပ်နှင့်သာ ဆက်ဆံမှုမပြုဘဲ NUG အပါအဝင် အဖွဲ့အစည်း အသီးသီးနှင့် တန်းတူဆက်ဆံရန် UNOCHA မှ Mr Martin Griffiths ကို NUG တိုက်တွန်းပြောဆို

ရန်ကုန်၊ ဩဂုတ် ၂၃

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရာတွင် အကြမ်းဖက်စစ်တပ်နှင့်သာ ဆက်ဆံမှုမပြုဘဲ NUG အပါအဝင် အဖွဲ့အစည်း အသီးသီးနှင့် တန်းတူဆက်ဆံရန် UNOCHA မှ Mr Martin Griffiths ကို NUG ၏ ပြည်ထောင်စုဝန်ကြီးများက အွန်လိုင်း တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၁ ရက်နေ့တွင် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး(UNOCHA) ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr Martin Griffiths နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ အွန်လိုင်းမှ တစ်ဆင့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရှိ အကူအညီလိုအပ်နေသည့် ဒေသများဆီသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိရောက်စွာပို့နိုင်မည့် နည်လမ်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ လာရောက်ခဲ့သည့် ခရီးစဉ်နှင့် စပ်လျဉ်း၍လည်း အဓိကထား ဆွေးနွေးခဲ့ကြပြီး ကုလသမဂ္ဂအဖွဲ့အစည်းများအနေနှင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးရာတွင် မြန်မာပြည်သူများထံ ထိရောက်စွာ ပေးပို့နိုင်ရန် အကြမ်းဖက်စစ်တပ်နှင့်သာ ဆက်ဆံမှုပြုလုပ်ခြင်းမဟုတ်ဘဲ အမျိုးသားညီညွတ်ရေး အစိုးရအပါအဝင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ မြေပြင်ရှိ အရပ်ဘက် လူ့အဖွဲ့ အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များအားလုံးနှင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံ သည့် တန်းတူညီမျှ မှုရှိသည့် ဆက်ဆံရေးကို ကျင့်သုံးသွားရန် လိုအပ်ကြောင်းကိုလည်း တိုက်တွန်းပြောကြားခဲ့ကြောင်း NUG အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးများမှ ကုလသမဂ္ဂ အဖွဲ့အစည်းများသည် အကြမ်းဖက်စစ်တပ်မှ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ကြိုးကိုင်ပြီး လက်နက်သဖွယ် အသုံးချနေမှုကို ထောက်ကူပေးလျက်ရှိကြောင်း၊ မြန်မာပြည်သူများသည် စစ်ကောင်စီ၏ ဖန်တရာတေနေသည့် လိမ်စဉ်များကို ကောင်းစွာနားလည်သဘောပေါက်ကြကြောင်းအပြင် အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ တရားဝင်မှု ရရှိရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းစဥ်များကို အလွဲ သုံးစားလုပ်ရန် အမြဲစဥ်းစားနေသည်ကို သတိပြုရန်လိုအပ်ကြောင်း စသည့်အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article