30 C
Yangon

ကုလသမဂ္ဂ UNOCHA အကြီးအကဲ၏ မြန်မာနိုင်ငံခရီးစဉ် ထိရောက် အောင်မြင် မှု မရှိဘဲ စစ်တပ်၏ ဝါဒဖြန့်မှုအဖြစ် အသုံးချခံနေရမှု မြန်မာ အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော် ကန့်ကွက်

Must read

ကုလသမဂ္ဂ UNOCHA အကြီးအကဲ၏ မြန်မာနိုင်ငံခရီးစဉ် ထိရောက် အောင်မြင် မှု မရှိဘဲ စစ်တပ်၏ ဝါဒဖြန့်မှုအဖြစ် အသုံးချခံနေရမှု မြန်မာ အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော် ကန့်ကွက်

ရန်ကုန်၊ ဩဂုတ် ၂၃

ကုလသမဂ္ဂ UNOCHA အကြီးအကဲ၏ မြန်မာနိုင်ငံခရီးစဉ်ကို ထိရောက် အောင် မြင်မှုမရှိဘဲ စစ်တပ်၏ ဝါဒဖြန့်မှုအဖြစ် အသုံးချခံနေရမှု မြန်မာ အရပ် ဘက်အဖွဲ့အစည်း ၅၀၀ ကျော်က ကန့်ကွက်လိုက်ကြကြောင်း သိရှိရသည်။

နေပြည်တော်နှင့် ရခိုင်ပြည်သို့ ယူအန်အိုချာ အကြီးအကဲ Martin Griffiths က လာရောက်ပြီး အာဏာသိမ်းစစ်ကောင်စီဥက္ကဌနှင့် တွေ့ဆုံခဲ့ကြောင်း၊ သို့သော် ခရီးစဉ်ပြီးဆုံးခဲ့သော်လည်း လက်ရှိအချိန်အထိ မိုခါမုန်တိုင်းသင့်ပြည်သူများမှာ ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့များ၏ အကူအညီများကို ရရှိခြင်းမရှိ သေးကြောင်း၊ ယင်းခရီးစဉ်ကို စစ်ကောင်စီက ဝါဒဖြန့် အဖြစ်အသုံးချခံ နေရကြောင်း၊ ကုလအကြီးအကဲမှာလည်း စစ်ကောင်စီကို အသိအမှတ်ပြုသည့် သဘောသက်ရောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော်က ဝေဖန် ကန့်ကွက်ထားကြသည်။

စစ်ကောင်စီကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံ သကဲ့သို့ ဖြစ်သွားခဲ့သည်ဟု ယမန်နေ့ ဩဂုတ်လ ၂၂ ရက်နေ့က NUG နှင့် အမြန်မာ့အရေးလှုပ်ရှားသူ အရပ်ဘက်အဖွဲ့အစည်းများ၏ ကန့်ကွက်စာများက ဆိုသည်။

UNOCHA ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် စစ်ကောင်စီ လိုချင်သော နိုင်ငံတကာ တွင်မျက်နှာလှရေး အတွက် ဖြစ်ပြီး မိုခါမုန်တိုင်းသင့်ပြည်သူများအား ကူညီ ထောက်ပံ့ ရေးမှာ ပြောင်းလဲမှုမရှိသလို လူသားချင်းစာနာထောက်ထားမှု ဆိုင် ရာ အကူအညီများမှာ ကန့်သတ်ခံထားရဆဲဖြစ်ကြောင်း ထောက်ပြထားသည်။

အရပ်ဘက်အဖွဲ့အစည်းဖြစ်သော Progressive Voice က ယူအန်အိုချာ အနေ ဖြင့် လက်ရှိကျဆုံးနေသည့် စစ်ကောင်စီကို ချဉ်းကပ်နည်းကို ပြန်လည် သုံးသပ် ပြီး ရခိုင်ပြည်က ဒုက္ခသည်များအပါအဝင် မြန်မာလူမှုအသိုင်းအဝိုင်းများကို အမှန် တကယ်အကျိုးပြုသည့် ထိရောက်လုပ်ငန်းများကို လုပ်ကိုင်ရန် ထောက် ပြ ပြောဆိုသည်။

စစ်ကောင်စီသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ကြိုးကိုင် ပြီး လက်နက်သဖွယ်အသုံးချနေသည်ကို ကုလသမဂ္ဂ အဖွဲ့ အစည်း များအနေဖြင့် သတိပြုရန်လိုအပ်သလို စစ်ကောင်စီသည် ပြည်သူများအား လိမ်လည်မှုမျိုးစုံနှင့် ၎င်းတို့ တရားဝင်မှုရရှိရေးအတွက် လူသားချင်းစာနာ ထောက် ထားမှုလုပ်ငန်းများကို အလွဲသုံးစားလုပ်နေခြင်းဟု NUG က လည်း ဝေဖန်ထောက်ပြထားသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို မြန်မာနိုင်ငံအနှံ့ ရောက်ရှိရေးအတွက် စစ်ကောင်စီနှင့်သာ ဆက်ဆံမှုပြုလုပ်ခြင်းမျိုး မလုပ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ မြေပြင် အရပ်ဘက် အဖွဲ့အစည်းများနှင့်လည်း ပွင့်လင်းမြင်သာစွာ ဆက်ဆံရေး ကျင့်သုံးရန် လိုအပ် ကြောင်း NUG က တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article