36 C
Yangon

မူဆယ်မြို့နယ်ရှိ ကျေးရွာချင်းဆက် လမ်းပိုင်းကို စစ်တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီး

Must read

မူဆယ်မြို့နယ်ရှိ ကျေးရွာချင်းဆက် လမ်းပိုင်းကို စစ်တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီး

ရန်ကုန်၊ သြဂုတ် ၂၄

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ ကျေးရွာချင်းဆက် လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၅ ရက်နေ့တွင် မူဆယ်မြို့နယ်ရှိ နမ့်တောင်းရွာနှင့် ပန်ကြုံရွာ အကြားရှိ ရွာချင်းဆက် လမ်းမကြီးကို အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်တပ်တို့က လာရောက် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းသည် ကျင်စန်းကျော့ဂိတ် အထိပေါက်သည့် လမ်းပိုင်းဖြစ်ပြီး နမ့်တောင်း၊ ဟိုနား၊ ပန်ကြုံ၊ ဖာဖိန့် စသည့်ကျေးရွာရှိ ဒေသခံများအပြင် ကုန်တင်ကားများလည်းအသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ယင်းလမ်းပိုင်းကို PSLF/TNLA မှ ပြန်လည် ပြုပြင်ခဲ့ပြီး ဆိုင်ကယ်နှင့် ကားသေးများအသုံးပြုသွားလာ၍ ရပြီဖြစ်သော်လည်း ၁၂ ဘီး တွဲကားများ အသုံးပြု၍မရသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article