30 C
Yangon

ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာအနီး စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ပျူစောထီး အဖွဲ့ဝင်များကို ပစ်ခတ် တိုက်ခိုက်မှုတွင် ၁ ဦးအရှင် ဖမ်းဆီးရမိ

Must read

ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာအနီး စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ပျူစောထီး အဖွဲ့ဝင်များကို ပစ်ခတ် တိုက်ခိုက်မှုတွင် ၁ ဦးအရှင် ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၂၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာအနီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ပျူစောထီး များကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးအရှင် ဖမ်းဆီး ရမိခဲ့ကြောင်း မဟူရာ ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် မြင်းချင်း ပြည်သူ့ စစ် အဖွဲ့ဝင် ၄ ဦးသည် မြင်းချင်းကျေးရွာ အနီးရှိ ဖတ်သမ်းကုန်းတွင် ကင်းပုန်း လာဝပ်စဥ် တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးရန် ကြိုးစားခဲ့ရာမှ ပစ်ခတ်မှု ဖြစ်ပွားကြောင်း၊ ပျူစောထီး ပြည်သူ့စစ် အဖွဲ့ဝင် မြင့်လင်း တစ်ဦးသာ အရှင် ဖမ်းဆီးရမိပြီး ကျန် ၃ ဦးသည် မြင်းချင်းကျေးရွာ အတွင်းကို ပြန်လည် ထွက် ပြေး သွားကြောင်း သိရသည်။

ပြည်သူ့စစ်အဖွဲ့ဝင် မြင့်လင်းဖမ်းဆီးခံရပြီးနောက် မြင်းချင်းရွာတောင်ဘက် ကင်းမှ ပျူစောထီးများက ပြန်လည်ပစ်ခတ်ပြီး လူကယ်ထုတ်ရန် လာရောက် ကြသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပစ်ခတ်မှု ဖြစ်ပွားကြောင်း၊ တော်လှန် ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မဟူရာ ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဗိုလ်မိ ကျောင်း ပြည်သူကာကွယ်ရေးဖွဲ့၊ ရွှေဘိုမြို့နယ် ပလဖ ၊ဒေါင်းမာန် ၊ဒေါင်းစစ်သည် ၊ Shwebo Federal Army ၊ရွှေဘိုအားမာန် ၊ဘိုမဟာ၊ Snake Eyes ၊ ရွှေဘို စွန်ရဲ ၊ဇေယျာသွေး ၊ Flying Dragon Force ပြည်သူ့ ကာကွယ် ရေး မဟာမိတ် ညီနောင်များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသည့် ပြည်သူစစ်ဖွဲ့ ဝင် မြင့်လင်းကို MOD လက်အောက်ခံ ရွှေဘို ခရိုင်၊ တပ်ရင်း (၄) နှင့်မြင်းချင်းကျေးရွာ ပကဖ တို့အား ဗိုလ်မိကျောင်း ပြည်သူ့ ကာကွယ်ရေးက လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article