36 C
Yangon

နေပြည်တော်ရှိ မာရဝိဇယ ရုပ်တုကို နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်းများကို အကြမ်း ဖက် မင်းအောင်လှိုင်က အလှည့်ကျ လာရောက် ရှိခိုးဖူးမျှော်ခိုင်း

Must read

နေပြည်တော်ရှိ မာရဝိဇယ ရုပ်တုကို နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်းများကို အကြမ်း ဖက် မင်းအောင်လှိုင်က အလှည့်ကျ လာရောက် ရှိခိုးဖူးမျှော်ခိုင်း

ရန်ကုန်၊ စက်တင်ဘာ ၂

နေပြည်တော်တွင် ထုတ်လုပ်ထားသော မာရဝိဇယ ရုပ်တုကို နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်းများကို အကြမ်းဖက် မင်းအောင်လှိုင်က အလှည့်ကျ လာရောက် ရှိခိုးဖူး မျှော်ခိုင်းနေကြောင်း ဝန်ထမ်းသတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဩဂုတ်လဆန်းပိုင်းမှစတင်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ရမည်းသင်း၊ ပဲခူး အပါအဝင် မြို့ကြီးများမှ စည်ပင်ဝန်ထမ်းများ၊ ထွေ/အုပ် ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်း သား၊ကျောင်းသူများ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများကို အလှည့် ကျ ဘုရားဖူးခိုင်းနေခြင်းဖြစ်ကြောင်း၊ ဘုရားဖူးရန်အတွက် ကားခ၊ စားစရိတ်၊ တည်းခိုခစရိတ်များကို ဌာနများက ရန်ပုံငွေ ရှာဖွေ၍ မာရဝိဇယ ရုပ်တုတွင် အမြဲမပြတ် ဘုရားဖူးများဖြင့် စည်ကားစေရန် အကြမ်းဖက် မင်းအောင်လှိုင်က စေခိုင်းကြောင်း သိရှိရသည်။

“ဒီနေ့ စက်တင်ဘာလဆန်းပိုင်းမှာ ရန်ကုန်စည်ပင်က ဝန်ထမ်းတွေအားလုံး မာရဝိဇယဘုရားသွားဖူးရမယ်။ အလှည့်ကျ။ ဌာနက ကားစီစဉ်ပေးမယ်။ စားစရိတ်၊ တည်းခိုစရာ နေရာ စီစဉ်ပေးတယ်။ တစ်ပြည်လုံး ဌာနဆိုင်ရာ ဝန်ထမ်းတွေအားလုံး အလှည့်ကျ စနစ်နဲ့ ဘုရားဖူးသွားရတယ်။ တပ်ရင်း တပ်ဖွဲ့တွေလည်းပါတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က မာရဝိဇယ ရုပ်တုကို ယတြာ ၉ ဂဏန်းဖြင့် ထုလုပ်ပြီး တည်ထားခြင်းဖြစ်ကာ ယင်းရုပ်တု ဖွင့်လှစ် ပွဲကို အကြီးအကျယ် ခမ်းခမ်းနားနား ကျင်းပခဲ့သည်။

ဓာတ်ပုံ- မာရဝိဇယ ရုပ်တုကို မကြာခဏ သွားနေသည့် အကြမ်းဖက် မင်းအောင်လှိုင်က ဘုရားဖူး Non-CDM တချို့ကို တွေ့ဆုံနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article