25 C
Yangon

မြိုင်တွင် ဗွက်နစ်နေသော စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်

Must read

မြိုင်တွင် ဗွက်နစ်နေသော စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၃

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှင်းဆီကန်ကျေးရွာအနီးတွင် ဗွက်နေသော စစ်ကောင်စီ ရိက္ခာယာဉ်တန်းကို ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားနိုင်ကြောင်း Middle Revolution Task Force-MRTF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာအနီး ဗွက်နစ်နေသော စစ်ကောင်စီ ရိက္ခာ ယာဥ်တန်းကို ဒရုန်းများဖြင့် ထပ်မံ တိုက်ခိုက်ချေမူန်းခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

” စစ်ခွေးတွေ ထိခိုက်ဒဏ်ရာရတာတွေ အစုလိုက် အပြုံလိုက် လှည်းတွေနဲ့ တင်ဆောင်သွားပါတယ်။ အရေအတွက်တော့ အတိအကျမသိရသေးပါဘူး။ ကျနော်တို့ဘက်က 1 kg ကျော် ၉ လုံး၊ 500 g ၄ လုံး ကို ၁၁ ခေါက် ဒရုန်းနဲ့ ကျဲချပါတယ်” ဟု Middle Revolution Task Force-MRTF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲမှုကို မြိုင် (ပကဖ)ဗိုလ်လင်္ကျာ DRONE တပ်ဖွဲ့ ၊ Middle Revolution Task Force-MRTF တပ်ဖွဲ့ ၊ရွှေဓားဗိုလ် ၊ Free Don fighter တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မကွေးတိုင်းတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသော Eagle Brigade (Anyar Eagles)မှတိုက်ပွဲဝင် ဒရုန်းတစ်စင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article