29 C
Yangon

ချင်းတွင်းမြစ်ကို ဆန်တက်လာသော စစ်တပ်သင်္ဘော ၁၁ စီးကို တိုက်ခိုက်မှု ရေယာဉ် ၁ စီး ကျည်ထိမှန်

Must read

ချင်းတွင်းမြစ်ကို ဆန်တက်လာသော စစ်တပ်သင်္ဘော ၁၁ စီးကို တိုက်ခိုက်မှု ရေယာဉ် ၁ စီး ကျည်ထိမှန်

ရန်ကုန်၊ စက်တင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ရေယာဉ် ၁၁ စီးကို ချင်းတွင်းမြစ်ကြောင်းတနေရာတွင် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ရေယာဉ် ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများ LPDF တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂ ရက် ညနေ ၃ နာရီခန့်က လက်နက်ခဲယမ်း၊ ရိက္ခာနှင့် ပျူစောထီး အင်အား အများအပြား တင်ဆောင်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ မော်တော်ရေယာဉ် ၁၁ စီးကို ချင်းတွင်းမြစ်ကြောင်းတစ်နေရာ တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ် မော်တော်ရေယာဉ် တစ်စီးမီးလောင်ပျက်စီးကာ အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးနိုင်ကြောင်း၊ အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗန္ဓုလနှင့်အဖွဲ့သားများ LDF ၊ Chindwin Fighter Group CFG တပ်ဖွဲ့တို့ ပူးပေါင်းကာ ရှေ့ထွက်မိုင်း၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျည်ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ)ရရှိကာ ကျန်တပ်ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article