36 C
Yangon

စစ်အင်အားဖြည့်တင်းနေသည့် ရေးမြို့နယ် ခလရ ၆၁ ကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှု လူနာတင်ကား ၂ စီးဖြင့် ဒဏ်ရာရသူများကို သယ်ထုတ်

Must read

စစ်အင်အားဖြည့်တင်းနေသည့် ရေးမြို့နယ် ခလရ ၆၁ ကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှု လူနာတင်ကား ၂ စီးဖြင့် ဒဏ်ရာရသူများကို သယ်ထုတ်

ရန်ကုန်၊ စက်တင်ဘာ ၃

မွန်ပြည်နယ်၊ ရေးမြိုု့နယ်တွင် စစ်အင်အား ဖြည့်တင်းနေသည့် ရေးမြို့နယ် ခလရ ၆၁ ကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ရာ စစ်တပ်အတွင်း လူနာတင်ကား ၂ စီးဖြင့် ဒဏ်ရာရသူများကို သယ်ထုတ်သွားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂ ရက်နေ့ စစ်ကောင်စီတပ်က ရေလမ်းမှတစ်ဆင့် ရေးမြို့နယ် ခလရ ၆၁ သို့ အင်အား ၁၀၀ ခန့် ဖြည့်တင်းလာကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဒေါနစစ်ကြောင်း ချေမှုန်းရေး တပ်ခွဲနှင့် ဒေါနစစ်ကြောင်းလက်နက်ကြီးတပ်စု၊ ပူးပေါင်းတပ်ဖွဲ့များက စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲကြာချိန် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ လူနာတင်ယာဉ်၂ စီးဖြင့် ထိခိုက်ဒဏ်ရာ ရသူများ သယ်ထုတ်သွားရကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုစာရင်းအတိအကျကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ်ပြီး ပူးပေါင်းမဟာမိတ်များအဖွဲ့ဘက်မှ အထိအခိုက်အကျအဆုံးလုံးဝမရှိဘဲ အောင်မြင်စွာစစ်ဆင်ရေး ဖော်ဆောင်နိုင်ခဲ့ကြောင်း ၊ စစ်ဆင်ရေးတွင်ပါဝင်ခဲ့သော တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့(YGF)နှင့်မွန်ပြည် တော်လှန်ရေးတပ်(MSRF) တို့ပူးပေါင်းတိုက်ခိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article