အွန်လိုင်းလောင်းကစား Page များထူထောင်၍ ငွေကြေးလိမ်လည်သူ တရုတ် နိုင်ငံသား ၁၂၀၇ ဦးကို “၀” ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်ရဲအဖွဲ့ထံ လွှဲပြောင်း
ရန်ကုန်၊ စက်တင်ဘာ ၈
လူမှုကွန်ရက်များတွင် အွန်လိုင်းလောင်းကစား Page များထူထောင်၍ ငွေကြေး လိမ်လည်သူ တရုတ်နိုင်ငံသား ၁၂၀၇ ဦးကို “၀” ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီး ပြီး တရုတ်ရဲအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း UWSA ‘ဝ’ပြည်နယ် ပြင်ပဆက်ဆံရေးရုံးမှ ဦးညီရမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။
စက်တင်ဘာလ ၆ ရက်နေ့နှင့် စက်တင်ဘာလ ၇ ရက်နေ့တို့တွင် “ဝ”ပြည် နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးမိသောဆက်သွယ်ရေး လိမ်လည်မှု ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသားများ ၁၂၀၇ဦးကို တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း UWSA က တရားဝင် သတင်းထုတ်ပြန်သည်။
“အွန်လိုင်းလောင်းကစား Page တွေကနေ ငွေလိမ်တဲ့ပြစ်မှု ကျူးလွန်သူ တွေပါ” ဟု ဦးညီရမ်းက ရန်ကုန်ခေတ်သစ်၏ မေးမြန်းချက်ကို ပြန်လည် ဖြေဆိုသည်။
တရုတ်-မြန်မာနယ်စပ်တွင် အခြေပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည် ခြင်း၊ လောင်းကစားများ ပြုလုပ်သူများကို နှိမ်နင်း ဖမ်းဆီးပေးရန် တရုတ်နိုင်ငံ က မြန်မာနိုင်ငံဘက်သို့ မကြာခဏဆိုသလို ဖိအားပေးတောင်း ဆိုလျက်ရှိ နေချိန်တွင် ယင်းကဲ့သို့ “၀” ပြည်နယ်ရဲတပ်ဖွဲ့က ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသားများကို ဖမ်းဆီး၍ ပြန်လည်ပို့ဆောင်ခြင်းဖြစ်သည်။
ဩဂုတ် ၂၆ ရက်ကလည်း ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ ၅ ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရုတ်ရဲအဖွဲ့ထံသို့ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ က လွှဲပြောင်းပေးအပ်ခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ ကြောင်း၊ ယခုအချိန်အထိ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ စုစုပေါင်း ၂၄ ဦးကို ၄ ရက်အတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွား ခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် အခြားသက်ဆိုင်ရာအဘက်ဘက်များနှင့်အတူတကွ လောင်းကစားလိမ်လည်မှုများအား ပူးပေါင်းနှိမ်နင်းရန် တရုတ်နိုင်ငံ၏ ခိုင်မာသောရပ်တည်ချက်ကို ပြသနေကြောင်း၊ သက်ဆိုင်ရာအဘက်ဘက် အားလုံး သည် ဒေသတွင်း လောင်းကစားလိမ်လည်မှုများကို နှိမ်နင်းရန် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှု၊ ပိုမိုတက်ကြွသော သဘောနှင့် ပိုမိုကျွမ်းကျင်သော လုပ်ဆောင်ချက်များကို အသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်တရုတ်သံရုံးက ဩဂုတ်လ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

