25 C
Yangon

ဗန်းမော်ခရိုင်တွင် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းမှ စစ်သား ၃ ဦး အလင်းဝင်

Must read

ဗန်းမော်ခရိုင်တွင် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းမှ စစ်သား ၃ ဦး အလင်းဝင်

ရန်ကုန်၊ စက်တင်ဘာ ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းမှ တပ်သား ၃ ဦး အလင်းဝင်လာကြောင်း မြို့လှ KPDF ထံမှ သိရသည်။

ဗန်းမော်ခရိုင်အတွင်း လှုပ်ရှားနေသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၈ တပ်ရင်းမှ တပ်သား ၂ ဦး နှင့် ခလရ ၄၃၇ တပ်ရင်း မှတပ်သား ၁ ဦးတို့ အလင်းဝင်လာကြောင်း သိရသည်။

အဆိုပါ စစ်သား ၃ ဦးသည် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၈ ၊ အမှတ် ၅ တပ်ရင်း၊ မြို့လှ K-PDF တပ်ရင်း ကို ပူးပေါင်း ခိုလှုံလာ​ခြင်းဖြစ်ကြောင်း၊ CDM ဝင်ရောက်လာသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လူ့ဂုဏ်သိက္ခာများနှင့်အညီ စောင့်ရှောက်ကူညီပေးထားပြီး လိုအပ်သည်များကို ထောက်ပံ့ကူညီ၍ နေရပ်ပြန်ရေးအထိ အစစအရာရာ ကူညီဆောင်ရွတ်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့မျက်နှာကို ထောက်ထား၍ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကို ဝင်​ရောက်လာသူများကို တော်လှန်ရေး တပ်ဖွဲ့များက အပြည့်အဝ အစစအရာရာ တာဝန်ယူကြောင်း ဖိတ်ခေါ်ထားပြီး လက်နက်ဖြင့် CDM ဝင်ရောက်လာပါက ပြည်သူ့သူရဲကောင်း CDM များကို ထိုက်တန်စွာ ဂုဏ်ပြုဆုချီးမြှင့်မည်ဖြစ်ကြောင်း MYOHLA K-PDF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article