30 C
Yangon

ကန့်ဘလူခရိုင်တွင် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့နေပြီး ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ကန့်ဘလူခရိုင်တွင် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့နေပြီး ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့နေပြီး ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ အလားတူ စက်တင်ဘာလ ၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တောင်တည်းကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” မနေ့ကကော ဒီနေ့ကော စစ်ခွေးတွေက ဆက်တိုက်ကို ရွာတွေကို ဝင်စီးပြီး မီးရှို့နေတာ ပြည်သူတွေလည်း ထွက်​ပြေးတိမ်းရှောင်နေရတယ်။ ဖြစ်စဥ် အသေးစိတ်နဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် ကန့်ဘလူခရိုင်အတွင်းရှိ တောင့်တည်းကုန်းရွာ အပါအဝင် သိုးဘိုးရွာ၊ ကိုးမြို့ရွာ၊ ဖလံချိုင်ရွာ၊ ညောင်ဇင်ကြီးရွာ၊ သရက်ခေါင်းရွာ၊ မင်းကုန်း(က) ရွာ၊ ဆူးပုတ်ကုန်းရွာ၊ ဘိုတဲကုန်းရွာ၊ ဘိုကုန်းရွာ၊ ပေလည်ရွာ နှင့် ငါးရာနဲရွာ စသည့် ကျေးရွာများမှ ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

Photo – ကန့်ဘလူခရိုင်ရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article