34 C
Yangon

စစ်ကောင်စီက ယာဉ်မှတ်ပုံတင်ခ၊ ယာဉ်စစ်ဆေးခ များကို ငွေကျပ် ၁ သိန်းခွဲ အထိ ၃ ဆ အမြင့်ဆုံး မြှင့်တင်မည်

Must read

စစ်ကောင်စီက ယာဉ်မှတ်ပုံတင်ခ၊ ယာဉ်စစ်ဆေးခ များကို ငွေကျပ် ၁ သိန်းခွဲ အထိ ၃ ဆ အမြင့်ဆုံး မြှင့်တင်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၀

အကြမ်းဖက် စစ်ကောင်စီက ဆိုင်ကယ်နှင့် မော်တော်ယာဉ် မှတ်ပုံတင်ခ၊ ယာဉ်စစ်ဆေးခများကို ငွေကျပ် ၁ သိန်းခွဲအထိ ၃ ဆအမြင့်ဆုံးမြှင့်တင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရသည်။

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်မှတ်ပုံတင်ဆိုင်ရာ လုပ်ငန်း များနှင့်ပတ်သက်၍ ကောက်ခံလျက်ရှိသည့် အခငွေနှုန်းထားများသည် ခေတ် ကာလနှင့် လျှော်ညီမှုမရှိတော့သည့်အတွက် တိုးမြှင့်ကောက်ခံသင့်သည့် ကာ လ တစ်ခုသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ အခြေခံလစာနှုန်းများသည် ယခင် ကထက် တိုးမြှင့်လာခြင်း၊ ယာဉ်စီးရေ သည်လည်း ယခင်ထက်များစွာ တိုးမြှင့် လာ သည့်အပြင် ယာဉ်တန်ဖိုးများလည်း မြင့်တက်လာခြင်း၊ ယာဉ်မောင်း လိုင်စင်အခငွေနှုန်းထားများကိုလည်း ၂၀၁၈ ခုနှစ်ကတည်းက ပြောင်းလဲ တိုးမြှင့် သတ်မှတ်ခဲ့ပြီ ဖြစ်ခြင်းတို့ကြောင့် နိုင်ငံတော် ဝင်ငွေ ဆုံးရှုံးနစ်နာမှု မရှိစေ ရေးအတွက် ဌာန၏ မှတ်ပုံတင်ဆိုင်ရာ အခငွေ နှုန်းထားများကိုလည်း ထပ်မံတိုးမြှင့် သတ်မှတ်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယာဉ်မှတ်ပုံတင်ဆိုင်ရာ အခငွေများကို ယခင်နှုန်းထားများထက် ၃ ဆခန့် တိုး မြှင့် သတ်မှတ်ရန် အခြေခံလျာထား တွက်ချက်ပြီးဖြစ်ပါသဖြင့် အဆိုပါ လျာ ထားချက်များအပေါ် သဘောထားမှတ်ချက်များ၊ သုံးသပ်ချက်များနှင့် ခေတ် ကာလနှင့်လျော်ညီမှု မရှိ၍ ထပ်တိုးပြင်ဆင်သတ်မှတ် ပေးကြရန်နှင့် ပြင်ဆင် ရန် ကျန်ရှိသည့် အခငွေများရှိပါကလည်း စိစစ်ပြီး စက်တင်ဘာလ ၁၃ ရက်နေ့ အရောက်အကြံပြု ပြန်ကြားပေးနိုင်ပါရန် လျာထားတွက်ချက်မှု ဇယားများ ပူးတွဲ လျက် ညှိနှိုင်း အကြောင်းကြားအပ်ပါကြောင်း ကညန၏ အကြောင်းကြား စာ တွင် ရေးသားထားသည်။

“ကညန ရုံးသွင်းငွေ ၃ဆ ကျော်တက်လိမ့်မယ်လို့ ကြားသိရတယ်။ ဒီလ ၁၃ ရက်နေ့ သို့မဟုတ် ဒီလကုန် တရားဝင်စာ ထွက်မယ်လို့ သတင်းတွေ ထွက် နေပါတယ်” ဟု ကညနနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article