32 C
Yangon

ရုရှားတိုက်လေယာဉ် SU-30 တွေနဲ့ လေကြောင်း အင်အားဖြည့်တင်းမှုက နွေဦးတော်လှန်ရေးနှင့် ပြည်သူများ၏ အောင်ပွဲကို မတားဆီးနိုင်တော့ပါ

Must read

ရုရှားတိုက်လေယာဉ် SU-30 တွေနဲ့ လေကြောင်း အင်အားဖြည့်တင်းမှုက နွေဦးတော်လှန်ရေးနှင့် ပြည်သူများ၏ အောင်ပွဲကို မတားဆီးနိုင်တော့ပါ

By Igor Blazevic

အားလုံးက ကျနော်တို့ အပြင်မှာမြင်ရသလို လက်တွေမှာ အမြဲမဟုတ်နေပါဘူး။ရုရှားနဲ့ မြန်မာနဲ့ တခုခုကြေညာလိုက်ပြီဆို ပုံမှန်အားဖြစ်တော့ သူတို့ပြောသ လိုဘာမှ လက်တွေ့မှာ ဖြစ်မနေတတ်ပါဘူး။

မြန်မာစစ်တပ်အနေနဲ့ ရုရှားဆီမှာထားတဲ့ Su-30 တိုက်လေယဥ် ၆ စင်း မှာယူ ထားတဲ့အထဲမှာ ၂ ခုတော့ ပထမဆုံးအသုတ်အနေနဲ့ ရောက်လာပြီဆိုတဲ့ သတင်း တက်လာပါတယ်။ ဒါက သတင်းဆိုးပါ၊ ဘာလို့လဲဆိုတော့ ဒီတိုက် လေယဥ်တွေကို မြန်မာပြည်သူလူထုကို ထပ်ပြီးသတ်ဖြတ်မှုတွေ ကျူးလွန်ဖို့ အသုံးချတော့မလို့ဖြစ်ပါတယ်။

တနိုင်ငံလုံးက လူထုကို စစ်ဆင်နေတဲ့ စကစရဲ့ အကြောက်တရား လှန့်စစ် ဆင်ရေးအတွက် အသုံးဝင်မယ့် ဒါလိုမျိုးသတင်းစကားဟာ သတင်းဆိုးဆိုတာ သေချာပါတယ်။ ဒါပေမယ့် လေယဥ်တွေထပ်ရောက်လာတယ်ဆိုတဲ့ သတင်း တွေ ကို လိုတာထက်ပိုပြီး ပြောမနေသင့်ပါဘူး။

ဒီနှစ်စင်းရောက်လာလို့ မြန်မာစစ်တပ်က သိသိသာသာကြီး ပိုသာသွားဖို့ ပိုစွမ်းလာဖို့ ဘာမှမရှိပါဘူး။ Su-30 လို့အသံကြားရင်တော့ ကြောက်စရာပါ။ ဒါတကယ်လို့ အသံနဲ့ ခြောက်လှန့်တာက လက်တွေ့ထက် ပိုကြောက်ဖို့ ကောင်းအောင်လုပ်နေတာပါ။

အဲဒီ တိုက်လေယဥ် နှစ်စင်းက မြန်မာပြည်ရဲ့ ပဠိပက္ခအနေအထားကို ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ တကယ့် လက်တွေ့ ဖြစ်နေတာက ဒီလိုပါ။

၁။ အာဏာရှင်တွေက မြေပြင်မှာ ခိုင်ခိုင်မာမာမရှိတော့ပါဘူး။ မြန်မာစစ်တပ် ဟာ ကျယ်ပြန့်ကြီးမားလွန်းတဲ့ နိုင်ငံတဝန်းလုံးမှာ စစ်ဆင်ရေးလုပ်ထားရလို့ ဖြန့်ကျက်ထားတာ၊ ပြီးတော့ နေရာတိုင်းမှာ တော်လှန်ရေး အဖွဲ့ပေါင်းစုံရဲ့ အနည်းဆုံး တော်လှန်ရေး ဇတ်ခုံ ၅ ခုမှာ တိုက်ခိုက်ခံနေရတာ။

အခု စကစတွေက လူလည်းမလောက်ဘူး လက်နက်ရိက္ခာလည်း ပြတ်လပ် နေပါပြီ။ အခုတော့ တိုက်စစ်ကနေ ခံစစ်ဖက်ကိုရောက်နေပါပြီ။ ပြီးတော့ အန္တရာယ်လည်းရင်ဆိုင်ရ၊ စိတ်ဓာလည်းကျ၊ သေမှာကိုတော် တော် ကြောက် နေရပါပြီ။

တော်လှန်ရေး တပ်ဖွဲ့တွေကတော့ တခုပြီးတခုသင်ယူတယ်။ တစ်ပတ်ပြီး တစ်ပတ် စကစရဲ့ မြေပြင်စစ်သားတွေကို ပိုပိုဖိအားပေး လာနိုင် ကြတာတွေ့ ရပါတယ်။

၂။ အာဏာရှင်တွေက မြန်မာပြည်က အာဏာရှင်တွေမဟုတ်တော့ဘူး။ အခုက နေပြည်တော်၊ ရန်ကုန်နဲ့ မြေပြန့်ဒေသရဲ့ အာဏာရှင်သာသာအနေနဲ့ဘဲ ကျန် နေပါပြီ။ နိုင်ငံရဲ့ အနောက်ဘက်၊ အနောက်တောင်ဘက်၊ မြောက်က်၊ အရှေ့ ဘက် တွေ တော်တော်များများကို စကစက ဆုံးရှုံးနေပြီ။ အရှေ့တောင်ဖက် မှာလည်း အခြေနေ မကောင်းဘူး။ ရုရှက တိုက်လေယဥ် နှစ်စင်းက လက်ရှိ အခြေ အနေကို ဘာမှ မယ်မယ်ရရမပြောင်းလဲနိုင်ပါဘူး။

၃။ တိုက်လေယဥ်တွေကတော့ စကစကို ရုပ်ဆိုးအကျဥ်းတန်တဲ့ အရပ်သား တွေကို သတ်ဖြတ်တဲ့ လူသတ်ပွဲလုပ်ဖို့ဘဲ အထောက်ကူပြုမှာပါ။ ဒါဟာလည်း နှစ်ဖက်သွားဓားလိုပဲ။ အဲလိုသတ်ဖြတ်လိုက်လိုက် တော်လှန်ရေးသမားတွေရဲ့ စိတ်ဓာတ်တွေက ပြိုဆင်းကျဆင်းသွားမှာ မဟုတ်သလို လူထုကလည်း နာခံ လာ ကြမှာ မဟုတ်ပါဘူး။ တနိုင်ငံလုံးကလူတွေ ပိုပိုဒေါသထွက်ပြီး စကစ ကိုအပြီးဖယ်ရှင်းချင်တဲ့ စိတ်ဓာတ်က ပိုမိုပြင်းပြလာတာဘဲ အဖတ် တင်မယ်။ တကယ့်မြေပြင်မှာ တစတစကြွေနေပြီဖြစ်တဲ့ စကစတပ်တွေကို လေယာဉ် နှစ်စင်းက အောင်ပွဲယူပေးမှာ မဟုတ်ပါဘူး။

ဟုတ်ပါတယ်။ ပူတင်ရဲ့ ရုရှားဟာ ကိုယ့်ကျိုးကိုဘဲ ကြည့်တဲ့ ကဖျက်ကယက် ပြဿနာ ဂြိုဟ်ကောင်ပါ။ ဘာကိုမှ ဂရုမစိုက်တဲ့ ပြဿနာကောင်ပါ။ သူ့လုပ်ရပ် ကြောင့် ဘယ်သူတွေဘယ်လောက် ဒုက္ခရောက်သေပွဲဝင်ကြသလဲဆိုတာ ရုရှား က ဂရုမစိုက်ဘူး။ ရုရှားက ပိုဆိုးတဲ့ ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ရာဇဝတ်တွေကို ယူကရိန်းပေါ်မှာ ကိုယ်တိုင်နေ့တိုင်း ကျုးလွန် နေတာပဲ။

ဒါပေမယ့် မြန်မာ့အိမ်နီးချင်းတွေနဲ့ အာရှဒေသတွင်း နိုင်ငံတွေက မြန်မာဆိုတဲ့ အာလူးပူကြီးကို လက်ထဲမှာ ကိုင်မထားချင်ကြဘူး။ စကစက အသိညာဏ်မဲ့တဲ့ ရာဇဝတ်မှုကျူးလွန်လေလေ အာလူးကို ပိုပူလာလေလေ ကိုင်ဖို့ပိုခက် လာလေလေ ဖြစ်လာပါလိမ့်မယ်။

ရာဇဝတ်မှုတွေဆက်လက် ကျူးလွန်ရင်း ရုရှားက တိုက်လေယဥ် နှစ်စင်းက အောင်ပွဲတော့ယူလာပေးမှာ မဟုတ်ဘူး။ ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေက လွှတ်ချလိုက်တာတော့ ခံရကိန်းပိုမြင်နေရပါတယ်။

၄။ ပြီးတော့ ပို့မယ့် လေယဥ်နှစ်စင်းက ဘာယ်လိုပုံစံနဲ့ လာပို့မလဲ အခုထိ မသိရသေးဘူး။ ပါကစ္စတန်ကနေ စစ်ကောင်စီထံကိုပေးလိုက်တဲ့ လေယာဉ် တွေထက် အရမ်းကြီးသာမယ်လို့တော့ မထင်မိဘူး။ အခု ရုရှားဟာထုတ် လုပ် ရေး စွမ်းရည်မှာရော စစ်ရေးစွမ်းရည်မှာပါ တဟုန်ထိုးကျဆင်းနေပါပြီ။ ခဏလေးနဲ့ ပျက်ကျမယ့် လက်ဟောင်း (second hand) တွေကို ပို့တာလည်း ဖြစ်နိုင်တယ်။

နှစ်စီးရောက်တာနဲ့ နောက်လေးစီးလည်း ခဏနေ ရောက်လာမယ်ဆိုတဲ့ အရိပ် အယောင်လည်း မဟုတ်ပါဘူး။ အစောနက ပြောသလိုဘဲ၊ ရုရှားဟာ ထုတ် လုပ်မှုစွမ်းရည် တော်တော်ကို ကျဆင်းနေပါပြီ။ နောက် မသေချာသေးတာက အင်အတန်ကျွမ်းကျင်တဲ့ လေယာဉ်မောင်းတွေက မောင်းနှင်မှ ဆီအရမ်းစားပြီး အင်မတန်ရှုပ်ထွေးတဲ့ နည်းပညာတွေကို အသုံးချထိန်းသိမ်းတတ်မှ အလုပ် ဖြစ်မယ့် လေယဥ်တွေကို နေပြည်တော် အာဏာရှင်တွေက ဘယ်လိုသုံးမလဲ မသိသေးဘူး။ မျောက်အုံးသီးရ ဖြစ်နေမလား။

နိဂုံးချုပ်ပြောရရင် တိုက်လေယဥ် နှစ်စင်းကိစ္စ သတင်းဆိုးပါ။ ဒါပေမယ့် အခုတော့ သုံးစားမရတဲ့ လူကောင်သေး လောဘသားလေး လူသတ်ဦးစီးချုပ် အတွက် လက်တွေ့ကျတဲ့ စစ်ရေးစွမ်းရည်နဲ့ အနိုင်ရလဒ်တွေ ဖော်ဆောင်လာ မယ့်အစား စိတ်ဓာတ်စိတ်ဆင်ရေးအတွက်လောက်ပဲ အသုံးဝင်မှာပါ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article