37 C
Yangon

ရွှေဘိုခရိုင် တပ်ရင်း ၁၅၏ “ကင်းထောက်ကြိုးကြာ အစာရှာ” ကမ်ပိန်းကို ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ

Must read

ရွှေဘိုခရိုင် တပ်ရင်း ၁၅၏ “ကင်းထောက်ကြိုးကြာ အစာရှာ” ကမ်ပိန်းကို ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ

ရန်ကုန်၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း အခြေစိုက်၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Eagle Guerilla Force) မှ ပြု လုပ်လျက်ရှိသော “ကင်းထောက်ကြိုးကြာ အစာရှာ” ကမ်ပိန်းကို မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါ ဝင်ကူညီပေးကြပါရန် ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံမှ တဆင့်ပြောကြားသည်။

အဆိုပါ ကမ်ပိန်းကာလကို ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက်နေ့အထိ ပြု လုပ်သွားမည်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးအတွက် ကင်းထောက်ပေးနိုင်ရန် လို အပ်နေသော ကင်းထောက်ဒရုန်းတစ်စီး ဝယ်ယူနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“တစ်ပွဲတစ်ပွဲကို ဒရုန်းဘက်ထရီပေါ်မှာ မူတည်ပြီး အခေါက်အရေအတွက် များသလို စစ်ခွေးတွေဘက် က တုန့်ပြန်မှုအပေါ် မူတည်ပြီး ချရပါတယ်၊ တချို့ပွဲတွေဆို တစ်ရက်ထဲ အလုံးရေများများ ချရခဲ့သလို တချို့ပွဲတွေဆိုရင် တခါက်ပဲ ချပြီး ပြန်လာခဲ့ရတာမျိုးတွေရှိတယ်၊ ကမ်ပိန်းလုပ်ရတဲ့ ရည်ရွယ်ချက်က ရလာတဲ့ငွေကို Mavic 3 ကင်းထောက်ဖို့ရယ်၊ V5+Battery တွေဝယ်ဖို့ပါ၊ ဘက်ထရီများများ ပိုဝယ်နိုင်ရင် အခေါက်အရေအတွက် ပိုချနိုင်ပါတယ်၊ အခုလက်ရှိမှာ လက်ထရီက ၄ လုံး ၂ ခေါက်စာပဲရှိတော့ ထပ်ချဖို့ အခွင့်အရေး ရရင်လည်း ထပ်မချနိုင်တာမျိုးတွေဖြစ်ရပါတယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Eagle Guerilla Force) တပ်ဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ကမ်ပိန်းကို ပူးပေါင်းပါဝင်ပေးမည့် မိဘပြည်သူများအနေဖြင့် –

Ko Ko Htay

https://www.facebook.com/htay.ko.39?mibextid=ZbWKwL

ကောက် ရိုး

https://www.facebook.com/khtay.8789?mibextid=ZbWKwL

ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagle Guerilla Force ဗိုလ်ကောက်ရိုး)အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှစတင်၍ Dji Mavic 2 ဒရုန်းဖြင့် ပွဲဦးထွက် မစ်ရှင်စတင်ဖော်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း၊ စက်တင်ဘာလ ၉ ရက်နေ့အထိ မစ်ရှင်ပေါင်း ၃၄ ခုတွင် ဗုံးသီးပေါင်း ၃၃၉ လုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၇၆ ဦးသေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း တိုက် ခိုက်မှုများအတွင်း Mavic 2 ဒရုန်း ၃ စီး ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ကင်းထောက်ဒရုန်းက တော်လှန်ရေးအဖွဲ့နဲ့ ပြည်သူတွေအတွက် အဓိက ကင်းထောက်ဖို့ပါ၊ ကျနော် တို့ တိုက်ခိုက်ရေးလုပ်တဲ့အခါမျိုးမှာ ရန်သူ့ဘက်က လှုပ်ရှားမှုတွေကို အသာစီးကနေ ကင်းထောက်နိုင်ဖို့ အတွက်ပါ၊ Mavic တစ်စီးကို သိန်း ၁၅၀ ၊ V5+ အတွက် 22000mAh Battery က တစ်လုံးကို ၁၅ သိန်း ၊ ဒရုန်းတစ်ခေါက်ပြန်ရင် Battery ၂ လုံးသုံးရပါတယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Eagle Guerilla Force) တပ်ဖွဲ့မှ ဗိုလ်ကောက်ရိုးက ဆက်လက်ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article