25 C
Yangon

မုံရွာအကျဉ်းထောင်တွင် အစာငတ်ခံ ဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးထိခိုက်နေပြီး စစ်ကောင်စီက တောင်းဆိုမှုများကို မလိုက်လျော

Must read

မုံရွာအကျဉ်းထောင်တွင် အစာငတ်ခံ ဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးထိခိုက်နေပြီး စစ်ကောင်စီက တောင်းဆိုမှုများကို မလိုက်လျော

■ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို တိုက်ပိတ်ထား

ရန်ကုန်၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မုံရွာအကျဉ်းထောင်တွင် အစာငတ်ခံ ‌ဆန္ဒပြ တိုက်ပွဲ ဝင် လျက်ရှိသော နိုင်ငံရေးအကျဉ်းသားဦးရေ ၅၀ ဦးအထိ ရှိလာပြီး အကျဉ်း သား များ၏ ဆန္ဒပြတောင်းဆိုချက်များကို စစ်ကောင်စီက လျစ်လျူရှု ထားဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ကိုလွင်မိုးသန့်က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောဆိုသည်။

အစာငတ်ခံ ဆန္ဒပြတိုက်ပွဲတွင် ဦးဆောင်သူ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို တိုက်ပိတ်ထားပြီး ကျန် ဆန္ဒပြအကျဉ်းသားများကို သီးသန့် အချုပ်ဆောင်တွင် ချုပ်ထားခဲ့ကြောင်း၊ ကျန်းမာရေးစောင့်ရှောက််မှု မပေးသ ဖြင့် အကျဉ်းသား၃ဦး ကျန်းမာရေးထိခိုက်ပြီး မူးလဲခဲ့ကြောင်း သိရသည်။

“အစာငတ်ခံ ဆန္ဒပြတာ ၅ရက်ရှိလာပြီ။ အကျဉ်းသားတွေကို ကျန်းမာရေး စောင့်ရှောက်မှုမပေးတော့ အချင်းချင်းပဲ ပြန်ပြုစုနေရတယ်။ အကျဉ်းသားတွေ တောင်း ဆိုထားတာကိုလည်း အကုန် မလိုက်လျောသေးတဲ့အတွက် အခြေ အနေ တင်းမာနေတုန်းပါပဲ။ ထောင်တွင်းအကြမ်းဖက်မှုက တော်တော် ဆိုးပါတယ်” ဟု နိုင်ငံရေးအ‌ကျဉ်းသားဟောင်းဖြစ်သူ ကိုလွင်မိုးသန့်က ပြောသည်။

အစာငတ်ခံ ဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသားများက (၁)စာအုပ်များ သိမ်း ဆည်းသွားခြင်းကို ပြန်ပေးရန်၊ (၂) တစ်ဦးလျင် ပုံစံ ၃စုံစီ ခွင့်ပြုထားလျက် သိမ်းဆည်း သွားခြင်းကို ပြန်ပေးရန်၊ (၃) သိမ်းဆည်းသွားသော စားအိုးစားခွက် များ၊ အစား‌အသောက်နှင့် ဟင်းများ ပြန်ပေးရန်နှင့် (၄)တစ်ဦးလျှင် စာ ၁၀ စောင်၊ ပုံ ၁၀ပုံ ခွင့်ပြုထားလျက် သိမ်းဆည်းသွားသော ပုံများကို ပြန်ပေးရန် စသည့် အချက် ၄ချက်ကို တောင်းဆိုထားသည်။

နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံ ဆန္ဒပြခြင်း ၅ရက်ရှိပြီဖြစ်‌သော်လည်း ထောင်အာဏာပိုင်များဘက်က အကျဉ်းသားများ တောင်းဆိုထားသော အချက် များထဲမှ (၁)အချက်ဖြစ်သည့် သိမ်းဆည်းထားသော စာအုပ်များကိုသာ စိစစ်၍ ပြန်ပေးခဲ့ပြီး ကျန်အချက်များကို ဆွေးနွေးပေးမည်ဟုဆိုကာ လျစ်လျူရှုထားဆဲ ဖြစ်သဖြင့် အခြေအနေတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article