Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မြန်မာ့စီးပွားရေးစျေးကွက်မှာ ဒေါ်လာစျေးမြင့်တက်အောင် လုပ်တဲ့ ဝိသမ လောဘသမားတွေကို နှိမ်နင်းဖို့ ဆိုပြီး အကြမ်းဖက် စစ်ကောင်စီက လုပ်တဲ့အခါ ဖမ်း ဆီး ခံထားရတဲ့ သူတွေဟာ စစ်ဗိုလ်ချုပ်တွေ နဲ့ အပေါင်းအပါ ခရိုနီတွေသာ ဖြစ်နေတယ်လို့ နေပြည်တော် စစ်တပ် သတင်းရင်းမြစ်က အတည်ပြု ပြောထားပါတယ်။
– စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်က အကြမ်းဖက် စစ်တပ်ဂိတ်ကို ဒီကနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦး သေသွားတဲ့အပြင် ၊ သေနတ် ၂ လက်ကိုပါ သိမ်းဆည်း ရရှိခဲ့တယ်လို့ ရေဦး- (ပကဖ)ရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နယ်၊ ကျွဲနွားထောက် ကျေးရွာအုပ်စုက သာယာအေး- ရွာသစ်ကို ကျူးကျော်နယ်မြေလို့ပြောပြီး ၊ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပြင်ဦးလွင် မြို့နယ် အုပ်ချုပ်ရေးမှူးက အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းနေရာမှာ စက်တင်ဘာလ ၁၄ ရက်နေ့က နိုင်ငံတော် ပိုင်မြေဆိုတဲ့ ဆိုင်းဘုတ်လာကပ်သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေ ကိုတင်ဆက် ပေးပါမယ်။
