ရေဖြူတွင် ခလရ-၁၀၃ တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်သား ၁ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိ
ရန်ကုန်၊ စက်တင်ဘာ ၁၆
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၁၀၃ တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်သား ၁ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်နှင့် တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။
သြဂုတ်လ ၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်၏ ခလရ-၁၀၃ တပ်ရင်းမှ စစ်သား ၁ ဦးသည် ခမောင်းချောင်းရွာဘက်ကို ထွက်ပြေးလာစဥ် ထားဝယ်-DDT တပ်ခွဲ ၃ နှင့် TPDF ပူးပေါင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကြောင်းမှ ထွက်ပြေးလာသည့် စစ်သားသည် ဧရာဝတီတိုင်းသား ၁ ဦးဖြစ်၍ လွန်ခဲ့သော ၉ လခန့်က ဓာထိုးမှုတစ်ခုကို ကျူးလွန်ခဲ့ကာ ကောင်စီတပ်ဖွဲ့ဝင်များက ထောင်မကျချင်လျှင် စစ်မှူထမ်းနိုင်ကြောင်း ပြောဆိုသောကြောင့် တပ်ထဲ ဝင်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်းမအောင်မြင်ကြောင်း သိရသည်။
အဆိုပါ စစ်သားသည် မြိတ်ခရိုင် ခလရ-၁၀၃ တပ်ရင်းတွင် ၉ လနီးပါးခန့်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ရေဖြူမြို့နယ် ဘုလယ်ဒေသ ၊ ရေနက်ဆိပ်ကမ်းဘက်ကို စစ်တပ်က စစ်ကြောင်းထိုးချိန်၌ ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော စစ်သားကို တရားဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် ထားဝယ်ခရိုင်တပ်ရင်း ၁ ထံသို့ ထားဝယ်-DDTတပ်ခွဲ ၃ နှင့်TPDF ပူးပေါင်းအဖွဲ့တို့က လွှဲပြောင်းပေးခဲ့ကြောင်း သိရိရသည်။