28 C
Yangon

အရာတော်၊ နောင်ကြီးအိုင်ရွာ အနီးတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ

Must read

အရာတော်၊ နောင်ကြီးအိုင်ရွာ အနီးတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာ အနီးတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) မှ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာ အနီး အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နောင်ကြီးအိုင်ရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက စတင်ကာ ထိတွေ့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ဒီနေ့ မနက်ပိုင်း ၆ နာရီ ခွဲကျော်ခန့်လောက်မှာ နမခက Mi-35 ၁ စီးနဲ့ အရာတော်နယ် နောင်ကြီးအိုင်ရွာအနီးကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်။ မနေ့က ညကတည်းက တစ်ညလုံး နယ်မြေခံအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်။ တိုက်ပွဲဖြစ်တာ တစ်ညလုံးပဲလို့ နယ်မြေခံ မဟာမိတ်ရဲဘော်တွေ ဆီက သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

ထိတွေ့ တိုက်ပွဲများအတွင်း တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ နောင်ကြီးအိုင်ရွာ၊ ထုံးဘိုရွာ၊ ဘုံလက်ခတ်ရွာ၊ ချောင်းဆုံရွာ၊ ဆည်ကြီးရွာနှင့် ညောင်ပင်ကန်ရွာမှ ပြည်သူများ ဆက်လက် တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article