30 C
Yangon

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် မြန်မာပြည်သူများ၏ ကိုယ် စားပြုခွင့်အတွက် ဆက်လက်ထားရှိရေး ပြင်သစ်ရောက် မြန်မာများ ဆန္ဒပြ တောင်းဆို

Must read

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် မြန်မာပြည်သူများ၏ ကိုယ် စားပြုခွင့်အတွက် ဆက်လက်ထားရှိရေး ပြင်သစ်ရောက် မြန်မာများ ဆန္ဒပြ တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၁၈

ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် မြန်မာပြည်သူများ၏ ကိုယ်စားပြုခွင့်အတွက် ဆက်လက်ထားရှိရေး ပြင်သစ် ရောက် မြန်မာများက ဆန္ဒပြ တောင်းဆိုကြသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ပါရီမြို့ရှိ အီဖယ်မျှော်စင်နားတွင် ပြင်သစ်ရောက် တိုင်းရင်းသားများစုပေါင်း၍ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂတွင် မြန်မာပြည်သူတို့ကို ဆက်လက်ကိုယ်စားပြုခွင့်ပြုရန် တောင်း ဆိုဆန္ဒပြခဲ့ကြကြောင်း၊ ထို့ပြင် လီယွန်မြို့တွင်လည်း သံအမတ်ကြီး ဦးကျော်မိုး ထွန်းကို ထောက်ခံကြောင်း ဓါတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ဆန္ဒပြပွဲသို့ ပြင်သစ်ရောက်မြန်မာတိုင်းရင်းသားလူထုနှင့်အတူ ပြင်သစ် နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ် နန်းဆုမွန် အောင် လည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article