25 C
Yangon

ပဲခူးတိုင်းအတွင်းရှိ လမ်းများကို စစ်တပ်က ဘူဒိုဇာဖြင့် ထိုးမွ ဖျက်ဆီး ဖြတ် တောက် ထားသဖြင့် ပြည်သူများနှင့်တောင်သူများအခက်ကြုံနေ

Must read

ပဲခူးတိုင်းအတွင်းရှိ လမ်းများကို စစ်တပ်က ဘူဒိုဇာဖြင့် ထိုးမွ ဖျက်ဆီး ဖြတ် တောက် ထားသဖြင့် ပြည်သူများနှင့်တောင်သူများအခက်ကြုံနေ

ရန်ကုန်၊ စက်တင်ဘာ ၁၈

ပဲခူးတိုင်းအတွင်းရှိ လမ်းများကို စစ်တပ်က ဘူဒိုဇာများဖြင့် ထိုးမွ ဖျက်ဆီးဖြတ် တောက် ထားသဖြင့် ပြည်သူများနှင့် တောင်သူများ အခက်ကြုံနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ကင်မွန်းချုံကျေးရွာ ရွှေပုဂံ အောင်သာယာလမ်းပိုင်းကို စစ်တပ်က မြေကော်စက်ဖြင့် ဖျက်ဆီး‌ပြီး လမ်းပိတ်ထားကြောင်း၊ တောင်သူများနှင့်ပြည်သူများကိုလည်း ဖြတ်သန်း သွားလာ ခြင်းမပြုရန်၊ ဖြတ်သန်းသွားလာပါက ပစ်ခတ်မည်ဟု ခြိမ်းခြောက် ထားကြောင်း သိရှိရသည်။

“လမ်းကို ဖျက်ဆီးပြီး ပိတ်ထားတော့ စပါးတွေလည်း ရိတ်လို့မရဘူး။ ၃ ရက်၊ ၄ ရက် ရှိနေပြီ။ စစ်တပ်က ပြည်သူတွေကို သွားလာတာတွေ့ရင် ပစ်သတ်မယ်လို့ ခြိမ်း ခြောက်တယ်။ ကင်မွန်းချုံကျေးရွာ တစ်ခုလုံးအဆင်မပြေဘူး။ လယ် သမား တွေ ဒုက္ခရောက်နေကြတယ်။ စစ်တပ်က အောင်သာယာရွာဘက်ကို လက် နက် ကြီး အမြောက်တွေနဲ့ ပစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆို သည်။

ထို့ပြင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် အရှေ့ ဘက် စစ်တောင်းမြစ်အထိ ဆက်သွယ်ထားသော မြက်နီကွင်း ကွန်ကရစ် လမ်း၊ အုတ်တွင်းမြို့နယ်အတွင်းတွင်ပင် ရန်ကုန်- မန္တလေး လမ်းဟောင်းနှင့် အမြန် လမ်း ကို ဆက်သွယ်ထားသော မဲချောင်းကွန်ကရစ် လမ်းကိုပါ စစ်တပ်က ဖျက်ဆီး ဖြတ်တောက် ပိတ်ဆို့ထားကြောင်း ဒေသလွှတ်တော်ကိုယ်စားလှယ်၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article