25 C
Yangon

ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာကို စစ်သင်္ဘောအုပ်စု ဆိုက်ကပ်ပြီး ရွာသား ၆ ဦးကို သတ်ဖြတ်ကာ ရွာကို မီးရှို့ ၊ ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

Must read

ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာကို စစ်သင်္ဘောအုပ်စု ဆိုက်ကပ်ပြီး ရွာသား ၆ ဦးကို သတ်ဖြတ်ကာ ရွာကို မီးရှို့ ၊ ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာကို စစ်သင်္ဘောအုပ်စုက ဆိုက် ကပ်လာပြီး ရွာသား ၆ ဦးကို သတ်ဖြတ်ကာ ရွာကို မီးရှို့ဖျက်ဆီးသွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်သင်္ဘောများက ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာဆိပ်ကမ်းသို့ ဆိုက်ကပ်လာပြီး ကျေးရွာကို ဝင်ရောက်စီးနင်း ကြောင်း၊ ယင်းနောက် ကျေးရွာသား ၆ ဦးကို သတ်ဖြတ်ကာ အလောင်းများကို မီးရှို့ကြောင်း၊ တုတ်ကြီးကျေးရွာကိုလည်း ရွာလုံးကျွတ် မီးတင်ရှို့ခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က သတ်ဖြတ်သူတွေက အရပ်သား၊ ရွာသားတွေပါ ။ လက်နက်ကိုင် လည်းမဟုတ်ဘူး။ စစ်သင်္ဘောအုပ်စုကို လက်နက်ကြီးတွေနဲ့ အပစ်ခံရလို့ သူ တို့ သင်္ဘောတစ်စီး ကျည်ထိမှန်ပြီး ပျက်စီးတယ်၊ သောင်တင်တာ ဖြစ်သွား တယ်။ အဲဒါကြောင့် ကျနော်တို့ ရွာဆိပ်ကမ်းကို သင်္ဘောကပ်ပြီး ရွာသားတွေ ကိုဖမ်းပြီး ၆ ဦးကို သတ်သွားတယ်။ အဲဒီ သတ်သွားတဲ့ အလောင်းတချို့ကို ရွာထဲက အိမ်တွေထဲထည့်ပြီး မီးရှို့သွားကြသေးတယ်။ နောက်ထပ်ရွာသားတွေ ပျောက်နေတယ်။ ရွာသား ၅ ဦးကို ဖမ်ဆီးခေါ်သွားကြတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီက တုတ်ကြီးကျေးရွာကို ရွာလုံးကျွတ် မီးတင်ရှို့ခဲ့ရာတွင် နေအိမ် ၃၇ လုံး မီးလောင်ပျက်စီးသွားကြောင်း၊ အဆိုပါ စစ်သင်္ဘောအုပ်စုသည် ဗန်းမော်မြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက် အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article