38 C
Yangon

ပုလောမြို့နယ်၊ လက္ကူးရွာမှ စစ်ရှောင် မိသားစုဝင် ၄ ဦးကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်

Must read

ပုလောမြို့နယ်၊ လက္ကူးရွာမှ စစ်ရှောင် မိသားစုဝင် ၄ ဦးကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်

ရန်ကုန်| စက်တင်ဘာ ၁၈

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်ရှိ လက္ကူးရွာတွင် စစ်ရှောင်မိသားစုဝင် ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်နှင့် ပစ်ခတ် သတ်ဖြတ်ခဲ့ ကြောင်း စစ်ဘေးရှောင် ပြည်သူများထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် လက္ကူးရွာခံ စစ်ဘေး ရှောင် မိသားစုဝင် လေးဦးသည် ကျေးရွာမှ ထွက်ပြေး တိမ်းရှောင်နေရာမှ ယင်းနေ့ ညနေပိုင်းတွင် ကျေးရွာသို့ ပြန်လာစဉ် စစ်ကောင်စီ တပ်ဖွဲ့နှင့် လမ်းတွင် ထိပ်တိုက်တိုးကြောင်း၊ စစ်တပ်က စစ်ဘေးရှောင် မိသားစုဝင် ၄ ဦးကို သေနတ်ဖြင့် ပစ်သတ် လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွာမှာ အားလုံးက စစ်ရှောင်နေတာပါ။ အဲ့ဒါ မနေ့က မိသားစုဝင် လေးဦးက စစ်ရှောင်နေရာမှ စစ်တပ်က ရွာထဲကနေ ပြန်ဆုတ် ထွက်ခွါချိန်မှာ ရွာလမ်း တစ်နေရာမှာ တွေ့လို့ သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်တယ် “ဟုဒေသ ပြည်သူ တစ်ဦးက ပြောသည်။

စစ်တပ်၏ ပစ်သတ်ခြင်း ခံရသည့် မိသားစုဝင် ၄ ဦးမှာ အသက် ၆၉ နှစ်ရှိ ဦးဘကျင်၊ သားဖြစ်သူ အသက် ၄၀ နှစ်ရှိ ကိုငွေစိုး၊ သမီး ဖြစ်သူ အသက် ၃၇ နှစ်ရှိ မကုလားမ (ခ) မသန္တာနွယ်နှင့် တူမ ဖြစ်သူ အသက် ၄၀ နှစ်ရှိ ဒေါရီဝင်း တို့ ဖြစ်ကြသည်။

စစ်တပ်က လက္ကူးရွာကျေးရွာမှ မိသားစု လေးဦးကို သတ်ဖြတ်ပြီးနောက်ပိုင်း အလောင်းများကို ကျေးရွာအရှေ့တွင် စုပုံထားခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်း ပြန်သွားသည့်အချိန်တွင် ကျေးရွာသားများက လာရောက်ပြီး သေဆုံးနေသည့် မိသားစုဝင် ၄ဦးကို ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ စစ်ကောင်စီက ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ချိန် ု နေအိမ် ၅လုံးကို ထပ်မံ မီးရှို့ဖျက်ခဲ့ပြီး ကျေးရွာ အတွင်းရှိ တန်ဖိုးရှိ ပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများက ပြောဆိုထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စုကို ရေကြောင်း အပြင် ကုန်လမ်းကပါ စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့် အရပ် သားများကို ဖမ်းဆီးသတ်ဖြတ်နေခြင်းကြောင့် အရပ်သား ၅ဦး သေဆုံးခဲ့ရပြီ ဖြစ်သည်။

စစ်ရေး တင်းမာနေသည့် ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စုတွင် ကျေးရွာ ၆ရွာခန့်က ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အရပ်သားများလည်း ဖမ်းဆီးခံထားရသလို နေအိမ် ၂၀ နီးပါး မီးရှို့ဖျက်ဆီးခံထားရသည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article