25 C
Yangon

ကောလင်းမြို့ရှိ KTV ၌ သောက်စားပျော်ပါးနေသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံး

Must read

ကောလင်းမြို့ရှိ KTV ၌ သောက်စားပျော်ပါးနေသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ KTV ၌ သောက်စားပျော်ပါးနေသောအကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း Kawlin Info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့် ကောလင်းမြု့တွင်းရှိ KTV တစ်ခု၌ သောက်စား ပျော်ပါးနေသော အကြမ်းဖက်စစ်သားများကို ကောလင်းခရိုင် တပ်ရင်း ၁ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိတစ်ဦးအပါအဝင် ၇ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရရှိသူရှိပြီး စိုးရိမ်စရာရကြောင်း သိရသည်။

“ဖြစ်စဉ်က မှန်ပါတယ်၊ စစ်ခွေးတွေချည်းပါပဲ၊ ၂ ဦးက ပွဲချင်းပြီးသေတယ်၊ ကျန်တာတွေက ဆေးရုံမှာ ၅ ယောက်သေတာလို့ ပြောတယ်၊ စုစုပေါင်း ၇ ဦးသေတာ၊ ဗိုလ်တစ်ဦးပါတယ်လို့ ကြားတယ်၊ မနေ့က အနီးအနားအိမ်က မိန်းကလေးနှစ်ဦးကိုပါ ပါးရိုက်သွားသေးတယ်၊ ဖမ်းတော့ မသွားပါဘူး၊” ဟု Kawlin Info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

Photo – ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article