25 C
Yangon

မင်းကင်း၊ ပန်းဆက်ရွာအနီး ချင်းတွင်းမြစ်တွင် စစ်တပ်သင်္ဘော တစ်စီး နစ်မြှုပ်၊ ရေယာဉ်တွင် လိုက်ပါသော စစ်သား၊ ပျူစောထီး၊ Non-CDM ဝန်ထမ်းနှင့် တက္ကသိုလ်ကျောင်းသားများ သေဆုံးနိုင်

Must read

မင်းကင်း၊ ပန်းဆက်ရွာအနီး ချင်းတွင်းမြစ်တွင် စစ်တပ်သင်္ဘော တစ်စီး နစ်မြှုပ်၊ ရေယာဉ်တွင် လိုက်ပါသော စစ်သား၊ ပျူစောထီး၊ Non-CDM ဝန်ထမ်းနှင့် တက္ကသိုလ်ကျောင်းသားများ သေဆုံးနိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပန်းဆက်(ပျူ)ရွာမှ ထွက်လာသော အကြမ်း ဖက် စစ်ကောင်စီ၏ ကျောက်စိမ်းတင်သင်္ဘောတစ်စီး ချင်းတွင်းမြစ်အတွင်း နစ်မြှုပ်ကာ သင်္ဘောပေါ်ပါ စစ်သား၊ ပျူစောထီး အများအပြားသေဆုံး နိုင်ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်ဝန်းကျင် မင်းကင်းမြို့နယ်၊ ပန်းဆက်(ပျူ)ရွာမှ စုန်ဆင်း လာသော ကျောက်စိမ်းတင် အကြမ်းဖက်စစ်တပ် သင်္ဘော ၁၂ စီးအနက် တစ်စီးသည် ပန်းဆက်(ပျူ)ရွာ မှ လှည့်အထွက် သောင်ခုံ ပေါ်ဘေးတစ်ခြမ်းတင်ကာ တိမ်းစောင်းနစ်မြှုပ်သွားကြောင်း၊ သင်္ဘော ပေါ်ပါ အကြမ်းဖက်စစ်သား၊ ပျူစောထီးများနှင့် ကျောက်စိမ်းများပါ ရေထဲ နစ်မြှုပ်ထိခိုက် သေကြေပျက်စီးမှုများရှိကြောင်း သိရသည်။

“ဒီနေ့ နံနက် ၁၀ နာရီ လောက်က ပန်းဆက်ပျူရွာကနေ လှည်အစုန်မှာ သောင်ခုံပေါ် ဘေးတခြမ်းတင်ပြီး စောင်းမြှုပ်သွားတာ၊ သေတာကတော့ များတယ်လို့ကြားတယ်၊ အတိအကျတော့ မသိရဘူး၊ အဲဒီ သင်္ဘောထဲမှာ ထောင် သားတွေ မပါပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ၊ သင်္ဘောက အကြီးကြီး ဆိုတော့ လောလော ဆယ် ဆယ်ယူလို့ မရသေးဘူး၊ တခြားသင်္ဘောတွေလည်း ပန်းဆက်(ပျူ)ရွာမှာပဲ ပြန် ကပ်ထားတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ် သင်္ဘော ၁၂ စီးသည် ခန္တီးမြို့မှ ကျောက်စိမ်းများ တင် ဆောင် ပြီး စုန်ဆင်း လာခြင်းဖြစ်ကြောင်း၊ သင်္ဘောမနစ်မြှုပ်မီ တောင်ဖြူ ကျေးရွာနှင့် တဖက်ကမ်းရှိ ယားကျေးရွာတို့ကို ဝင် ရောက်ပြီး မီးရှို့ခဲ့ကြောင်း သိရသည်။

မင်းကင်းဒေသပြည်သူတချို့၏ အဆိုအရ သင်္ဘောပေါ်တွင် တက္ကသိုလ်တက် မည့် ကျောင်းသားကျောင်းသူများ၊ Non-CDM ဝန်ထမ်းများ ပါဝင်ကြောင်း သိရှိရသည်။

“အဲဒီ မော်တော်ပေါ်မှာ လူဦးရေတစ်ရာကျော် ပါလာတယ်။ အဲဒီလူတစ်ရာ ကျော် က အထက်ပိုင်းကတက်လိုက်လာတဲ့ တက္ကသိုလ်တက်မဲ့ ကျောင်းသား တွေ၊CDM မလုပ်တဲ့ ဝန်ထမ်းတွေလည်းပါတယ်ဗျ။ မင်းကင်းမြို့နယ်က တက္ကသိုလ် တက်မဲ့ကျောင်းသားတွေ၊Non-CDM ဝန်ထမ်းတွေ၊ မုံရွာကို ဆေးကု သွားတဲ့ပျူမိသားစုတွေပါတယ်။ အဲဒီလူတွေအားလုံးက စစ်ကောင်စီ ဖလပ်မော်တော် ၁၃ စီးပေါ် မျှလိုက်သွားကြတာပါ။ အခုမှောက်တဲ့ ဖလပ် မော်တော် က ရှဲရွာက ပျူစောထီးတွေဝင်ခေါ်ပြီး ပြန်အထွက်မှာ စလင်ထိန်းက ပဲ့ မနိုင်ဘဲ ရှဲနတ်တောင်အငူကိုဝင်တိုက်ပြီး မြုပ်သွားတယ်။ ဘယ်သူပစ်ခတ် လို့မှ မဟုတ်ဘူး။သူအလိုလိုကျောက်ဆောင်အငူကိုဝင်တိုက်ပြီးမြုပ်သွားတာ” ဟု ဒေသရွာသားတစ်ဦးက ရှင်းပြသည်။

အဆိုပါ ဒေသတွင် လှုပ်ရှားနေသော ကာကွယ်ရေးတပ်တစ်ခုဖြစ်သည့် Student’s Revolutionary Force ကလည်း ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် တောင်ဖြူရွာမှ စုန်ဆင်းလာသော စစ်သင်္ဘောများထဲမှ အမြန်ယာဥ်တစ်စင်းသည် မောက္ကထော်အောက်ဖက် ရှဲနတ်တောင်ခြေအနီးတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းအမြန်ယာဥ် ပေါ်တွင် စစ်ကောင်စီတပ်သားများအပြင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်ပါလာကြောင်း သိရှိရပြီး ထိခိုက်သေဆုံးမှုများနိုင်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားည်။

ဓာတ်ပုံ- နစ်မြုပ်သွားသည့် စစ်ကောင်စီတပ်၏ ဖလပ်မော်တော်အမျိုးအစား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article