25 C
Yangon

တော်လှန်ရေးအတွက်လိုအပ်သည့် ဘဏ္ဍာငွေများရရှိရေး ပြင်ဦးလွင်ရှိ စစ်ကောင်စီပိုင် မြေကွက်များကို NUG က ရောင်းချ

Must read

တော်လှန်ရေးအတွက်လိုအပ်သည့် ဘဏ္ဍာငွေများရရှိရေး ပြင်ဦးလွင်ရှိ စစ်ကောင်စီပိုင် မြေကွက်များကို NUG က ရောင်းချ

ရန်ကုန်၊ စက်တာဘာ ၁၉

စစ်အာဏာရှင် တော်လှန်ရေးအတွင်း လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရရှိဖို့ ပြင်ဦးလွင်မြို့ရှိ စစ်တပ်သိမ်းမြေထဲက မြေကွက်တွေကို ရောင်းချသွားမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

ပြင်ဦးလွင်မြို့ ၊ နယ်နမိတ်ထဲက ဧကထောင်ချီရှိတဲ့ စစ်တပ်သိမ်းမြေနဲ့ အဆောက် အအုံတွေ အားလုံးကို ပြန်လည်သိမ်းယူပြီး အများပြည်သူအတွက် နွေဦးပြင်ဦးလွင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကို အကောင်အထည်ဖော်သွားမယ်လို့ အာဏာရှင် အဆုံးသတ် နိဂုံး The End of Dictatorship EOD က ကြေညာ ထားပါတယ်။

The End of Dictatorships EOD ဟာ တော်လှန်ရေး ရန်ပုံငွေ ရှာဖွေနေတဲ့ NUG ရဲ့ အစီအစဉ်တရပ် ဖြစ်ပါတယ်။

နွေဦးပြင်ဦးလွင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းမှာ တော်လှန်ရေး အလွန် ကာလ Educational Services ၊ Tourism and Hill Resort ၊ Organic Agriculture စတဲ့ မြို့ ဖွံ့ဖြိုးမှု အခင်းအကျင်းတွေကို အကောင်အထည်ဖော်ဖို့ လျာထားတာ ဖြစ်တယ်လို့ EOD က ဆိုပါတယ်။

မြို့ဖွံ့ဖြိုးရေး စီမံကိန်းအပြင် ကျန်ရှိနေတဲ့ သင့်တော်တဲ့ မြေကွက်တွေကို ရောင်းချသွားမယ်လို့ ပြောဆိုထားပြီး အချက်အလက် အသေးစိတ်ကို ထပ်မံ အသိပေးသွားမယ်လို့ ဆိုပါတယ်။

“မြေကွက်ရောင်းချသွားမယ့် ပုံစံမျိုးပါ၊ မေမြို့မှာ ရှိနေတဲ့ စစ်တပ်က မတရား သိမ်းထားတဲ့ကိစ္စရပ်တွေ ကျွန်တော်တို့က ပြည်သူ့ကို ပြန်ပေးတာပေါ့နော် “ လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန MOPFI ရဲ့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ပြောပါတယ်။

ပြင်ဦးလွင် စီမံကိန်းမှာ စီမံကိန်းရေးဆွဲသူတွေနဲ့ မြို့ရဲ့ သမိုင်းဆိုင်ရာ၊ ယဉ် ကျေးမှု ဆိုင်ရာ ထိခိုက်နိုင်ခြင်း ရှိ/မရှိကို လေ့လာကာ အချက်အလက်တွေ စုစည်းနေပြီး တချို့နေရာတွေမှာ ပြည်သူ့ဝန်ဆောင်မှု Public Services နေရာအဖြစ်သော်၎င်း၊ တချို့နေရာတွေမှာတော့ ပြည်သူတွေ ပိုင်ဆိုင်သင့်တဲ့ အားလုံး အကျိုးအမြတ်ရှိတဲ့ အမွေသင့်ပုံစံမျိုးအဖြစ် စီမံခန့်ခွဲပြီး ရောင်းချ သွား မယ်လို့ ဦးမင်းဇေယျာဦးဆီကနေ သိရပါတယ်။

“ကျွန်တော်တို့က မြေကွက်တခုကို ရောင်းချတော့မယ့်အခါမှာ ရာဇဝင်တွေကို တိုက်ရတယ်၊ စစ်တပ်က မတရားသိမ်းထားတာလား၊ ပြည်သူတွေ အရင်က ပိုင်ဆိုင်မှု ရှိခဲ့သလား၊ အရှုပ်အရှင်းကင်းရဲ့လား ဆိုတဲ့ ကိစ္စရပ်တွေကို ကြည့် ရတယ် “ လို့ ဒုဝန်ကြီးက ပြောပါတယ်။

တော်လှန်ရေးသုံး ရန်ပုံငွေ ရရှိဖို့ ရန်ကုန်နဲ့ မန္တလေးက စစ်ကောင်စီ ခေါင်း ဆောင် နဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ မြေကွက်တွေ အိမ်ရာ စီမံကိန်းတွေကို ရှယ်ယာအနေဖြစ် ပြန်လည်ရောင်းချနေတာတွေ EOD အစီ အစဉ်ကနေ ဆက်တိုက်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

လက်ရှိအချိန်အထိ စစ်တပ်ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး ရရှိတဲ့ တော်လှန်ရေး ရန်ပုံငွေဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရှိပြီလို့ MOPFI ဒုဝန်ကြီး ဆီကနေ သိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article