ကော့ကရိတ်ရှိ PDF တပ်ရင်းထံ ခမရ ၉ မှ စစ်သား ၁ ဦး 338 စနိုက်ပါ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဘတ်ငွေ ၁ သိန်း ချီးမြှင့်
ရန်ကုန်၊ စက်တင်ဘာ ၁၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ PDF တပ်ရင်းထံ အကြမ်းဖက် စစ်တပ်၏ ခမရ ၉ မှ စစ်သား ၁ ဦး 338 စနိုက်ပါ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ပြန်ကြားရေး PVTV သတင်းဌာနက သတင်းဖော်ပြထားသည်။
အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၉ မှ တပ်သား ၁ ဦးသည် 338 စနိုက်ပါ နှင့် ကျည်အတောင့် ၅၀ ယူဆောင်လာကာ တောင်ပိုင်းတိုင်း၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ PDF တပ်ရင်းထံ အလင်းဝင်လာသောကြောင့် ဂုဏ်ပြုဆုငွေ ဘတ် ၁ သိန်း ချီးမြှင့်ခဲ့ကာ ကော်ဘရာစစ်ကြောင်း၏ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက လက်ခံကြိုဆို ခဲ့ကြောင်း သိရသည်။