25 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း

Must read

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း

ရန်ကုန်၊ စက်တင်ဘာ ၁၉

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း J.O.C ရုံးက စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့က စတင်ကာ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင်ပြည်သူများကို ဆန်အိတ် ၈၀ အိတ်၊ မားမား ဖာ ၃၀ ၊ သောက်ရေသန့် ၊ ငါးနှင့် အမျိုးသမီးများအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေး အိတ် ၄၀ အပါအဝင် အဝတ်အစားတချို့ကို ဒေသ အဖွဲ့အစည်းဖြစ်သော ဝင်းယော်ဒေသ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ကတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ် ၁ စင်းဖြင့် လေကြောင်းမှ တိုက်ခိုက်ခြင်း၊ အမြောက်တပ် ၃၁၈ မှ ၁၂၂ မမ အမျိုးအစားလက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များ ထိမှန်ပျက်စီးကာ ပြည်သူ ၁၅၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အမိုးအကာ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article