28 C
Yangon

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကို ထိန်လင်း(ခေါ်) ကင်မ်အဲရစ်စ်နှင့်တွေ့ဆုံမေးမြန်းခြင်း

Must read

“အမေက သွားဖုံးနာပြီး အံဆုံးမကောင်းတော့ အစာမစားနိုင်ဘူးလို့ သိထားပါတယ်။ နောက်ပြီး ပျို့အန် တာ၊ ခေါင်းမူးတာတွေရှိလို့ လမ်းလည်း မလျှောက်နိုင်ပါဘူး။ မြန်မာနိုင်ငံတွင်းက ထောင်တွင်း အခြေ အနေတွေက သိပ်ကို ဆိုးရွားနေပါတယ်။ ကျွန်တော့်အမေအပါအဝင် တခြားအကျဉ်းသား တွေအတွက် အဆင်မပြေတဲ့အနေအထားပါ”

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကို ထိန်လင်း(ခေါ်) ကင်မ်အဲရစ်စ်နှင့်တွေ့ဆုံမေးမြန်းခြင်း

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးနောက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရတဲ့ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုရက်ပိုင်းမှာ သွားဖုံးရောင်ရောဂါနဲ့ ပြင်းထန်တဲ့ သွားကိုက် ဝေဒနာ ခံစားနေရပေမယ့် နေပြည်တော် အချုပ်ထောင် ဆရာဝန်ကသာ လာရောက်စစ်ဆေးပေးခဲ့ပြီး ပြင်ပသွားဆရာဝန်နဲ့ ကုသခွင့်ရဖို့ ကြန့်ကြာနေပါတယ်။

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ၊ အဖက်ဖက်ကနေ အတိဒုက္ခရောက်နေကြရတဲ့မြန်မာပြည်သူတွေအတွက် ကူညီနိုင်မယ့်နည်းလမ်းတွေရရှိရေး ဆောင်ရွက်နေမှုတွေနဲ့ သူလုပ်ဆောင်နေတာတွေကို သူရဲ့ Instagram အကောင့်ဖြစ်တဲ့ @kimaris_hteinlin အကောင့်မှာ အမြဲတင်ပေးနေတဲ့ အကြောင်းတွေ စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကို ထိန်လင်း(ခေါ်) ကင်မ်အဲရစ်စ် ကို ခေတ်သစ်မီဒီယာက ဆက်သွယ်မေးမြန်းထားတာကို တင်ဆက် လိုက်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article