29.6 C
Yangon

စစ်ကောင်စီက ကုမ္ပဏီ ၁၂၃ ခုကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ ၁၆၈ ခုအထိရှိလာ

Must read

စစ်ကောင်စီက ကုမ္ပဏီ ၁၂၃ ခုကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ ၁၆၈ ခုအထိရှိလာ

■ ဆီဒိုးနားဟိုတယ် အပါအဝင် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ် ရေးလုပ်ငန်း အားလုံး နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် မပြုတော့၍ လုပ်ငန်းများ အခက်တွေ့ ရပ်နားရမည့်အခြေအနေရှိနေ၊ စစ်တပ် မည်သူ့ကိုမှ ဒေါ်လာ ကိုင်ဆောင် ရောင်းဝယ်ခွင့်မပေးတော့

ရန်ကုန်၊ စက်တင်ဘာ ၂၀

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ကုမ္ပဏီ ၁၂၃ ခုကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ငွေလဲစင်တာ ၁၆၈ ခုအထိရှိလာကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ကုမ္ပဏီ ၁၂၄ ခုကို စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များ မလိုက်နာမှုဖြင့် လိုင်စင်ရုပ်သိမ်းလိုက်ကြောင်း ယနေ့ထုတ်စစ်တပ်၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁၉ ရက်နေ့ နို်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်များ ရုပ်သိမ်းခံရသည့် ကုမ္ပဏီ ၁၂၃ ခုမှာ Myanmar Power Spectrum Co.,Ltd ၊ Pyae Hein Kyaw Co.,Ltd ၊ Apex Exchange Trading Co.,Ltd ၊ Yong Xin Co.,Ltd ၊ တက်တိုးအောင် ဝန်ဆောင်မှု ကုမ္ပဏီ လီမိတက်၊ Pyone Pyone Cho Co.,Ltd ၊ Tint Nay Hline Travel & Tours Co.,Ltd ၊ Tycoon Brother’s Group Co.,Ltd ၊ Affinity Tour Ltd ၊ Lion King Construction Group Co.,Ltd ၊ TPD Group Co.,Ltd ၊ Cloumbus Travel & Tour Co.,Ltd ၊ Myanmar Integrity General Service Co.,Ltd ၊ Aung Pyae Wa Phyo Co.,Ltd ၊ Royal Thant Family Co.,Ltd ၊ Shang Kha Kyauk Lone Co.,Ltd ၊ Su Thiri Thaw Co.,Ltd ၊ Sccp Prince Co.,Ltd ၊ TZK Co.,Ltd ၊ Shwe Nan Taw Wyn Co.,Ltd ၊ Shwe La Yaing Lin Lin Co.,Ltd ၊ RIO Travel & Tours Co.,Ltd ၊ Super Technology Products Services Co.,Ltd ၊ Royal Lake Hotel Co.,Ltd ၊Golden Interlink Co.,Ltd ၊ Aye Best Co.,Ltd ၊ Billon Soe Kaung San Co.,Ltd ၊ Global Harvest Financial Service Ltd၊ Nilar Khin Family Group Co.,Ltd ၊ Golden Shell Co.,Ltd ၊ Grand Capital Myanmar Co.,Ltd ၊ M.H.S Travel & Tour Co.,Ltd ၊ Yangon Syndicate Linited ( Panorama Hotel) ၊ Perfect Days Travel & Tour Co.,Ltd ၊ A C R Thu Kha Chan Thar Co.,Ltd ၊ Golden Education Co.,Ltd ၊ Myanmar Life Hotel Ivestment Co.,Ltd ၊ Diamond Palace Service Co.,Ltd ၊ Sky Wheeel Company Limited ၊ Ngwe Tharaphyu Royal Co.,Ltd ၊ Minn Tun Trading Co.,Ltd ၊ Family Treasure Travel & Tour Co.,Ltd ၊ Win Progress Service Co.,Ltd ၊ Quality True Engineering Group Service Co.,Ltd ၊ Lin Life Co.,Ltd ၊ Shwe Wei Phone Myat Co.,Ltd ၊ Aye Mya Trading Co.,Ltd ၊ Sedona Hotel အပါအဝင် ဟိုတယ်၊ ခရီးသွားအေဂျင်စီနှင့် ကုန်သွယ်ရေး ကုမ္ပဏီ၊ ကုမ္ပဏီ ၁၂၃ ခု၏ နိုင်ငံခြားငွေကိုင်ဆောင်ခွင့် လိုင်စင်များကို စစ်တပ်က ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

“အခုရုပ်သိမ်းလိုက်တဲ့ နိုင်ငံခြားငွေကိုင်ဆောင်ခွင့် ရောင်းဝယ်ခွင့် လိုင်စင် ကုမ္ပဏီတွေကြည့်ရင် ခရီးသွားအေဂျင်စီတွေ၊ ဟိုတယ်တွေ၊ Trading လုပ်တဲ့ကုမ္ပဏီတွေ အများစုပဲ။ ပြည်တွင်း ဗဟိုဘဏ်နဲ့ စစ်တပ်က လွဲရင် ဘယ်သူ့ကိုမှ နိုင်ငံခြားငွေ ပေးမကိုင်တော့ဘူးဆိုတဲ့သဘောဖြစ်တယ်။ အဲဒီတော့ လေယာဉ်လက်မှတ်ဝယ်တာကအစ အကုန်လုံး အခက်အခဲတွေဖြစ်မယ်။ နောက်တစ်ခါ စီးပွားရေးလုပ်ငန်းတွေ အများစု ရပ်နားရမယ့်သဘောရှိပါတယ်။ ဥပမာ ခရီးသွားအေဂျင်စီကို နိုင်ငံခြားငွေကိုင်ဆောင်ခွင့်မပေးဘူးဆိုတော့ လေယာဉ်လက်မှတ် ဘယ်လိုရောင်းမလဲ။ လေယာဉ်လက်မှတ်ဆိုတာ နိုင်ငံတကာမှာ ဒေါ်လာနဲ့‌ပေးချေရတာလေ။ အကုန်အခက်တွေ့ကုန်ပြီ။ စစ်တပ်က သူတို့မှာ ဒေါ်လာလိုအပ်ချက်ကြီးတော့ ဘယ်သူ့ကိုမှ ဒေါ်လာ ပေးမကိုင်တော့မယ့် သဘောပဲ” ဟု နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် လိုင်စင်ရပ်နားခံရသည့် ခရီးသွားအေဂျင်စီ၏ မန်နေဂျင်းဒါရိုက်တာတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ဩဂုတ်လ ၁၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ကုမ္ပဏီ ၁၃ ခုကို နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်များ ရုပ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီများမှာ

(1) Prime Residence Co., Ltd

(2) West Line Co., Ltd

(3) IMA Co., Ltd

(4) Great Father Great Sons General Trading Co., Ltd

(5) Gold Foil Co., Ltd

(6) Big Lion Gems Co., Ltd

(7) Global International Investment & Development Co., Ltd

(8 ) World Fortune International Finance Group Shares Co., Ltd

(9) Myat Nan Yone Services Co.,Ltd

(10) LP Holding Co., Ltd

(11) Golden Myanmar Asia Crown Travels & Tours Co., Ltd

(12) Yangon KSA Travels & Tours Co., Ltd

(13) Balance Co., Ltd တို့ဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၁၀ ခုကို ဗဟိုဘဏ်က ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များ မလိုက်နာမှုဖြင့် လိုင်စင်ရုပ်သိမ်းလိုက်သည်ဟု ကြေညာခဲ့ကြောင်း၊ ယခုနှစ် မတ်လ ၁၆ ရက်နေ့တွင်လည်း နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၂၀ ခုကိုလည်း လိုင်စင်ရုပ်သိမ်းခဲ့ကြောင်း၊ ၅ လအတွင်း Money Changer လိုင်စင် ၃၀ ခုကို ဆက်တိုက် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ ၁၂ ခုမှာ Kannan Trading Co, Ltd၊ Net Change Co, Ltd၊ Thira Aung Si Trading Co , Ltd၊ Riverwood Group Co, Ltd၊ Global Myanmar Services Co, Ltd၊ D-Gold Trading Co, Ltd၊ Aurum Image Co, Ltd၊ Hi Welcome Travel @ Tours Co, Ltd၊ Sweeties Pearls Co, Ltd၊ Chase Travels & Tours Co, Ltd တို့ဖြစ်ကြောင်း သိရှိရသည်။

မတ်လ ၁၆ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရုပ်သိမ်းခံခဲ့ရသည့် ကုမ္ပဏီ ၂၀ ခုမှာ Oake Khaung Travels & Tours Co.,Ltd၊ Senjo Royal Myanmar Co.,Ltd၊ Dawei Popular Co.,Ltd၊ Zam Myo Co.,Ltd၊ Phyo Thet (PT) Co.,Ltd၊ Sky Bound Co.,Ltd၊ Myanmar MCG Corporation Ltd၊ Htwe and Htwe Family Co.,Ltd၊ Won Won Co.,Ltd၊ United Eleven Co.,Ltd၊ Tun Yama Co.,Ltd၊ Myanmar Alinkar Hotel Group Co.,Ltd၊ Cartel Co.,Ltd၊ Super Phoneix Co.,Ltd၊ Golden Falcon Shipping Co.,Ltd၊ Fairness Travels & Tours Co.,Ltd၊ Yadanar Bon Travels & Tours Co.,Ltd၊ Myanmar National Airline Co.,Ltd၊ Dewant Financial Loan Microfinance Co.,Ltd၊ Treasure Su Co.,Ltd တို့ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ ပြည်တွင်းစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၅၀၀ ကျပ်ဝန်းကျင်ရှိနေကြောင်း၊ အဖမ်းအဆီးများကြောင့် စျေးကွက်ပျက်စီးနေ ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article