28 C
Yangon

NUG နိုင်ငံခြားရေးဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီး၊ ဒုဝန်ကြီးများနှင့် အမေရိ ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတို့ ကုလသမဂ္ဂညီလာခံတွင် တွေ့ဆုံ

Must read

NUG နိုင်ငံခြားရေးဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီး၊ ဒုဝန်ကြီးများနှင့် အမေရိ ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတို့ ကုလသမဂ္ဂညီလာခံတွင် တွေ့ဆုံ

■ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြတ်မှုများကို တာဝန်ခံ အရေးယူနိုင်ရေး အမေရိကန်က ကြိုးပမ်းမည်ဟု ကတိပြု

ရန်ကုန်၊ စက်တင်ဘာ ၂၁

အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရထိပ်တန်း တာဝန်ရှိသူများက ယနေ့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Joseph Kritenbrink နှင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် တွေ့ဆုံကြသည်။

NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ဒုဝန်ကြီး ဦးအောင်ကျော်မိုး ၊ သံအမတ် ကြီး ဦးကျော်မိုးထွန်းတို့ အပါဝင် NUG ထိပ်တန်းတာဝန်ရှိသူများက ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုသို့ တွေ့ဆုံကြခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြတ်မှု များကို တာဝန်ခံရန်နှင့် အရေးယူနိုင်ရေး ဆက်လက် ကြိုးပမ်းသွားမည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ကတိပြု ပြောဆိုကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article