35 C
Yangon

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ရန်နောင်စိုး၊ ဒုဝန်ကြီး ညွန့်အောင် တို့ကို စစ်ဆေးနေသော်လည်း မည်သို့ အရေးယူမည်ကို မင်းအောင်လှိုင် မဆုံးဖြတ်သေးဟုဆို

Must read

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ရန်နောင်စိုး၊ ဒုဝန်ကြီး ညွန့်အောင် တို့ကို စစ်ဆေးနေသော်လည်း မည်သို့ အရေးယူမည်ကို မင်းအောင်လှိုင် မဆုံးဖြတ်သေးဟုဆို

■ အရေးပါသည့် တိုင်းပြည်စီးပွားရေးကော်မတီအားလုံးတွင် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ခန့်အပ်ပြီး ဝိုင်းကြီးချုပ်စနစ်ဖြင့် စီမံခန့်ခွဲမည်

ရန်ကုန်၊ စက်တင်ဘာ ၂၁

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ရန်နောင်စိုး၊ ဒုဝန်ကြီး ညွန့်အောင်တို့ကို စစ်ဆေးနေသော်လည်း မည်သို့ အရေးယူမည်ကို မင်းအောင်လှိုင် မဆုံးဖြတ် သေးကြောင်း နေပြည်တော စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

အမေရိကန်ဒေါ်လာစျေးမြင့်တက်အောင် စျေးကစားမှု၊ ပါမစ်များကို လာဘ်ငွေ ယူ ချပေးမှု အပါအဝင် အာဏာအလွဲသုံး စားမှုများဖြင့် စက်တင်ဘာ လဆန်း ပိုင်းမှ စတင်၍ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ စစ်ထောက်လှမ်းရေး စရဖတို့က စစ်ဆေးလျက်ရှိကြောင်း ၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုလည်း နိုင်ငံတော် လျှို့ ဝှက် ချက်ပေါက်ကြားမှု၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် စစ်ဆေးလျက် ရှိ ကြောင်း၊ သို့ရာတွင် ထိုကဲ့သို့ စစ်ဆေးမှုများကို မည်သို့ မည်ပုံ အရေးယူမည်ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဆုံးဖြတ်သေးကြောင်း သိရှိရသည်။

“နှစ်ပိုင်းရှိတယ်။ စစ်တပ်က လူတွေ ဖြစ်တော့ စစ်ခုံရုံးနဲ့ အရေးယူမလား၊ ဒါမှမဟုတ် အဂတိကော်မရှင်ကတစ်ဆင့် အရေးယူမလား။ နှစ်မျိုးစလုံးနဲ့ အရေးယူ မလားဆိုတာ မသိရသေးဘူး။ နောက်ဆုံး စုံစမ်းစစ်ဆေးမှု ရလဒ်ကို တပ်ချုပ်ဘက်က စောင့်ပြီး ဆုံးဖြတ်မယ်ထင်ပါတယ်။ အခုထက်ထိတော့ ဘယ်လို အရေးယူမလဲဆိုတာကို မသိရသေးဘူး။ စုံစမ်းစစ်ဆေးဆဲကာလလို့ ပြောရပါမယ်။ သူတို့ရာထူးတာဝန်တွေ၊ စစ်ဘက်ရာထူးတွေတော့ ဆိုင်းငံ့လိုက် ပါပြီ။ ဝိသမလောဘသမားတွေကို ပြောခဲ့ပြီးမှ ကိုယ့်လူ ကိုယ်ပြန်အရေး ယူရတော့ ကိုယ့်အရှိုက် ကိုယ်ပြန်ထိုးသလို ဖြစ်တာကြောင့်လည်း ချင့်ချိန် စဉ်း စား နေတယ်လို့ ထင်ပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အခြားတစ်ဘက်တွင်လည်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဥက္ကဋ္ဌ အဖြစ် လုပ် ဆောင်နေသော တိုင်းပြည်စီးပွားရေး ကော်မတီ ၃ ခု လုံး၏ ဥက္ကဋ္ဌ သစ်အဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို မင်းအောင်လှိုင်က တာဝန်ပေးအပ်လိုက်ပြီး အရေးပါ သည့်အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးရာထူးအားလုံးတွင် လူသစ်များ အစားထိုးပြောင်းလဲ လိုက်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် မြန်မာ့နိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်(MIC) ၊ နိုင်ငံခြား သုံးငွေကြီးကြပ်မှုကော်မတီ (FESC) နှင့် ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီတို့၏ ဥက္ကဋ္ဌ အသစ်အဖြစ် စက်တင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် တာဝန်ပေးအပ်သည့် အမိန့်စာ များ ထွက်ရှိလာသည်။

“စီးပွားရေး ကော်မတီတွေမှာ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး ရာထူး တွေအတွက် လူဟောင်းတွေ မပါတော့ဘူး။ နောက်ပြီး တာဝန်ပေးအပ်မှု Level လည်းမြင့်သွားတယ်။ အရင်ကော်မတီမှာ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဥက္ကဋ္ဌ နဲ့ ဒုဝန်ကြီးတွေက အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးချုပ် အဆင့်ကို တာဝန်ပေးအပ်ခဲ့တယ်။ အခုက ဥက္ကဋ္ဌ ရာထူးနေရာမှာ ဗိုလ်ချုပ် ကြီး မြထွန်းဦး ဖြစ်လာတော့ အတွင်းရေးမှူးက ပြည်ထောင်စုဝန်ကြီး Level တွေ ဖြစ်လာတယ်။ ဌာန ပေါင်းစုံ ပါဝင်မှုလည်း များလာတော့ တစ်ဦး တစ်ယောက်တည်းကို လုပ်ပိုင်ခွင့်ပေးတာမျိုးမဟုတ်တော့ဘဲ ၀ိုင်းကြီးချုပ် စနစ်နဲ့ လုပ်ပိုင်ခွင့်အလွဲသုံးစားမှု မဖြစ်အောင် ကာထားတာမျိုးတွေ့ရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article