ရုရှားစစ်တပ်ပိုင်IL-76 လေယာဉ်ဖြင့် လူ ၁၀၀ ကျော် နေပြည်တော် လာပို့
ရန်ကုန်၊ စက်တင်ဘာ ၂၂
ရုရှားစစ်တပ်ပိုင် IL-76 လေယာဉ်ဖြင့် လူ ၁၀၀ ကျော်ကို နေပြည်တော်သို့ လာ ရောက် ပို့ဆောင်သွားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ ည ၉ နာရီအချိန် လူ ၁၀၀ ကျော် တင်ဆောင် လာသော ရုရှားစစ်တပ်ပိုင် IL 76 လေယာဉ်အမှတ် RA-78840 သည် နေပြည် တော် သို့ ဆိုက်ရောက်လာကြောင်း၊ အဆိုပါလေယာဉ်သည် စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော် လေဆိပ်မှ ပြန်လည် ထွက်ခွာ သွားကြောင်း သိရှိရသည်။
စက်တင်ဘာလကုန်တွင် အဆိုပါ ရုရှားစစ်တပ်၏ IL 76 လေယာဉ်သည် နေပြည်တော်သို့ လာရောက်မည်ဖြစ်ပြီး လာရောက်ပို့ဆောင်သွားသည့် လူ ၁၀၀ ကျော်ကို ရုရှားသို့ ပြန်လည်ခေါ်ယူဖွယ်ရှိကြောင်း သိရှိရသည်။
