33 C
Yangon

တွံတေးတွင် စစ်တပ်လက်အောက်ခံ ပျူစောထီး ခေါ် ပြည်သူ့စစ် စစ်ဆေးရေးဂိတ်ကို ဗုံးဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

တွံတေးတွင် စစ်တပ်လက်အောက်ခံ ပျူစောထီး ခေါ် ပြည်သူ့စစ် စစ်ဆေးရေးဂိတ်ကို ဗုံးဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၂

ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်တွင် စစ်တပ်လက်အောက်ခံ ပျူစောထီး ခေါ် ပြည်သူ့စစ်တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၂ ဦးသေဆုံးကြောင်း တောကြီးတန်းသွေး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၄ နာရီ တောကြီးတန်းသွေး PDF ၏ ပထမဆုံး မစ်ရှင်အဖြစ် တွံတေးမြို့မရဲစခန်းကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက် Error တက်၍ ကျည်မထွက်ဘဲ တပ်ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ ဒုတိယမစ်ရှင်အဖြစ် ပျူစောထီး ခေါ် ပြည်သူ့စစ်ဂိတ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထိး(ခေါ်) ပြည်သူ့စစ် ၂ ဦးသေဆုံး ခဲ့ကြောင်း သိရှိရသည်။

“ဗုံးနဲ့ပစ်တိုက်ခိုက်ရာမှာ ပြည်သူ့စစ် ၃ ကောင်ထိတယ်။ ၂ ကောင်သေပါတယ်” ဟု တောကြီးတန်းသွေး PDF မှ တာဝန်ရှိသူက ရှင်းပြသည်။

ယင်းနောက် အကြမ်းဖက်စစ်တပ်က တွံတေးမြို့နယ်၊ ရွှေဆံတော်ရပ်ကွက်တွင် ဧည့်စာရင်းစစ်ခြင်း၊ မြို့ထဲကင်းပတ်ခြင်း၊ တွံတေးတူးမြောင်းနံဘေးအိမ်နှင့်ဈေးဆိုင်များကို CCTVတပ်ခိုင်းခြင်း၊ တွံတေးတူးမြောင်းနံဘေးလှေ၊သင်္ဘောများဆိုက်ကပ်ခွင့် မပြုတော့ခြင်း ၊ ရဲစခန်းရှေ့ ပိတ်ဆို့တား ဆီးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကိုဗစ်ကာလ တွံတေးမှာ လုံခြုံရေး ဆောင်ရွက်နေသည့် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article