30 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-Khit Thit သတင်းဌာနကို NUG ၊ CRPHနဲ့ PDF နှိမ်နင်းရေးစစ်ကောင်စီလျှို့ဝှက်အစည်းအဝေးမှတ်တမ်း ပေါက်ကြားခဲ့မှုအတွက် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ရဲမှူးချုပ် အောင်ဌေးမြင့်နဲ့ စစ်ကိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်တို့ကို စစ်တပ်က စစ်ဆေးနေရာ စစ်ဆေးခံနေရတဲ့ ရဲအရာရှိကြီး ၃ ဦးကို ရာထူးတာဝန် တွေကနေ အနားပေးလိုက်တဲ့ အမိန့်တွေ ထုတ်ပြန်လိုက်တယ်လို့ နေပြည်တော် စစ်တပ် သတင်းရင်းမြစ်ဆီက သိရပါတယ်။

– ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – TNLA တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာန သိရပါတယ်။

– အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသအတွင်းမှာ ဩဂုတ်လအ တွင်း တိုက်ပွဲပေါင်း ၄၃၀ ဖြစ်ပြီး အကြမ်းဖက်စစ်သား ၃၃၀ ဦးသေကာ ဒရုန်း ၄ စီး၊ သေနတ် ၈ လက် အပါအဝင် ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article