36 C
Yangon

မြန်မာ နှင့်ဘင်္ဂလားဒေ့ရှ် အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ကန်ဒေါ်လာ ၁၁၆ သန်း ထောက်ပံ့မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောဆို

Must read

မြန်မာ နှင့်ဘင်္ဂလားဒေ့ရှ် အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ကန်ဒေါ်လာ ၁၁၆ သန်း ထောက်ပံ့မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောဆို

■ ဒေါ်လာ ၇၄ သန်းကို ရိုဟင်ဂျာ ဒုက္ခသည်များအတွက် အသုံးပြုမည်

ရန်ကုန်၊ စက်တင်ဘာ ၂၂

မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ အတွက် လူသားချင်းစာနာထောက်ထားမှု အကူ အညီ အမေရိကန် ဒေါ်လာ ၁၁၆ သန်း ထပ်မံပေးအပ်သွား မယ် လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ယမန်နေ့မှာ ပြောကြားပါတယ်။

အမေရိကန်အစိုးရ က ပေးအပ်မယ့် လူသားချင်းစာနာထောက်ထားမှု အကူ အညီ အမေရိကန် ဒေါ်လာ ၁၁၆ သန်း ထဲမှ ၇၄ သန်းကို မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နဲ့ ရိုဟင်ဂျာ လူမှု အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ အန်တိုနီ ဘလင်ကန် ကဆိုပါတယ်။

မြန်မာ စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော် ဟာ ၂၀၁၇ ခုနှစ် ကတည်း က ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး ခဲ့ရပြီး အဲ့ဒီကာလကတည်းက အမေရိကန် အစိုးရက ပေးအပ်ခဲ့တဲ့ လူသားချင်းစာနာ ထောက် ထားမှုအကူအညီ အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော်ရှိ တယ်လို့ ဘလင်ကန် ကပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article