28 C
Yangon

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို မြို့တွင် ဦး​ကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြ

Must read

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို မြို့တွင် ဦး​ကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၂၄

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ Civic Center Plaza တွင် ဦး​ကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်တာဝန်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ယခုကျင်းပလျက်ရှိနေသော ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဆက်လက်အတည်ပြုပေးနိုင်ရန် “ငါတို့သံအမတ်ကြီး ငါတို့အသံ” ဆိုတဲ့ ကြွေးကြော်သံများဖြင့် လူထုဆန္ဒထုတ်ဖေါ်ထုတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲကို နွေဦးတော်လှန်ရေး တိုင်းရင်းသားအင်အားစုများ၊ Help Myanmar၊ Save Myanmar၊ CRPH၊ Free Burma Action Committee-Northern California တို့မှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး မပန်ဆယ်လိုမှလည်း ထို မြေပြင်လူထုလှုပ်ရှားမှု့ကြီးမှာ ပါဝင်ဆင်နွှဲပြီး ထောက်ပို့ပြည်သူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article